စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ပွဲကြိုမှာ ကလပ်ရဲ့ လူစာရင်း အခြေအနေကို ကလော့ပ်က ထုတ်ပြောလာပါတယ်။

ဝါရင့် ကွင်းလယ်လူ မီလ်နာ မပါနိုင်ဘူးဆိုပေမယ့် ရိုဘို၊ ချိန်ဘာလိန်၊ ဖာဘင်ညိုတို့ အခြေအနေ ကောင်းနေဟန် ရှိပါတယ်။ ယာဂင်ကတော့ ဒဏ်ရာရ ကစားသမားတွေ မရှိဘဲ အားလုံး ပါဝင် လေ့ကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကလော့ပ်က ” ရိုဘိုက တစ်ပတ်လုံး လေ့ကျင့်ထားပါတယ်။ သူက ပါဝင်ဖို့အတွက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ မီလ်နာကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ သူ့အတွက် ချယ်ဆီးပွဲမှာ ပါဝင်ဖို့က စောလွန်းပါတယ်။

ကျန်တဲ့ အသင်းသားတွေ အားလုံးက လေ့ကျင့်ရေး ဆင်းထားနိုင်တယ်၊ ပုံစံကောင်းမှာလည်း ရှိနေပါတယ်။ ကျနေ်ာတို့ ပိုကောင်းလာရမှာဖြစ်ပြီး ချယ်ဆီးက ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆိုပေမယ့်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲလိုတောင် ဖြစ်နေပါပြီ ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဒီအပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တာက စောင့်ကြည့်ဖို့ကောင်းတဲ့ ပွဲကောင်းဖြစ်နေပါလိမ့်မယ်။ တူချယ်ရဲ့ ချယ်ဆီးကို ရင်ဆိုင်ရမှာက ဘယ်လိုပွဲမျိုး ဖြစ်လာမယ် မျှော်လင့်လဲဆိုတဲ့ အမေးနဲ့ ပတ်သက်လို့ ယာဂင်က ဖြေဆိုရာမှာ

” မန်နေဂျာကောင်းပါ၊ ပြင်းပြင်းထန်ထန် မောင်းနှင်တတ်သူပေါ့။ ချယ်ဆီးက သိပ်ကောင်းနေပြီး မနှစ်တုန်းက ချန်ပီယံလိဂ် အနိုင်ရထားတော့ ယုံကြည်ချက်တွေလည်း မြင့်မားနေတယ်။ တူချယ် ကိုင်တွယ်ကတည်းက ပွဲကြီးတွေကိုလည်း အနိုင်ရထားခဲ့ပါတယ်။

သိပ်ကောင်းတဲ့ မန်နေဂျာနဲ့ သိပ်ကောင်းတဲ့ လူစာရင်း ပေါင်းဖက်မှု ဖြစ်ထားပါတယ်။ အောင်မြင်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်လိမ့်မယ်လို့ ခန့်မှန်းခံထားရတယ်။ အဲ့လို ချယ်ဆီးအသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနေ်ာတို့က အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ ကျနေ်ာတို့ ပုံစံကောင်းမှာ ရှိနေပြီး အဲ့တာကို အသုံးချလိုပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ခ်ယ္ဆီးနဲ႔ပြဲၾကိဳမွာ ကလပ္ရဲ႕ လူစာရင္း အေျခအေနကို ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

ဝါရင့္ ကြင္းလယ္လူ မီလ္နာ မပါႏုိင္ဘူးဆိုေပမယ့္ ရိုဘို၊ ခ်ိန္ဘာလိန္၊ ဖာဘင္ညိဳတို႔ အေျခအေန ေကာင္းေနဟန္ ရွိပါတယ္။ ယာဂင္ကေတာ့ ဒဏ္ရာရ ကစားသမားေတြ မရွိဘဲ အားလံုး ပါဝင္ ေလ့က်င့္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ကေလာ့ပ္က ” ရိုဘိုက တစ္ပတ္လံုး ေလ့က်င့္ထားပါတယ္။ သူက ပါဝင္ဖို႔အတြက္ ယွဥ္ျပိဳင္ႏုိင္ပါလိမ့္မယ္။ မီလ္နာကေတာ့ အဆင္သင့္ မျဖစ္ေသးပါဘူး။ သူ႔အတြက္ ခ်ယ္ဆီးပြဲမွာ ပါဝင္ဖို႔က ေစာလြန္းပါတယ္။

က်န္တဲ့ အသင္းသားေတြ အားလံုးက ေလ့က်င့္ေရး ဆင္းထားႏုိင္တယ္၊ ပံုစံေကာင္းမွာလည္း ရွိေနပါတယ္။ က်ေန္ာတို႔ ပိုေကာင္းလာရမွာျဖစ္ျပီး ခ်ယ္ဆီးက ခက္ခဲတဲ့ ျပိဳင္ဘက္ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ဆိုေပမယ့္လည္း ခ်န္ပီယံလိဂ္ ျပိဳင္ပြဲလိုေတာင္ ျဖစ္ေနပါျပီ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။

ဒီအပတ္ ပရီးမီးယားလိဂ္မွာ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ထိပ္တုိက္ေတြ႔တာက ေစာင့္ၾကည့္ဖို႔ေကာင္းတဲ့ ပြဲေကာင္းျဖစ္ေနပါလိမ့္မယ္။ တူခ်ယ္ရဲ႕ ခ်ယ္ဆီးကို ရင္ဆိုင္ရမွာက ဘယ္လိုပြဲမ်ိဳး ျဖစ္လာမယ္ ေမွ်ာ္လင့္လဲဆိုတဲ့ အေမးနဲ႔ ပတ္သက္လို႔ ယာဂင္က ေျဖဆိုရာမွာ

” မန္ေနဂ်ာေကာင္းပါ၊ ျပင္းျပင္းထန္ထန္ ေမာင္းႏွင္တတ္သူေပါ့။ ခ်ယ္ဆီးက သိပ္ေကာင္းေနျပီး မႏွစ္တုန္းက ခ်န္ပီယံလိဂ္ အႏုိင္ရထားေတာ့ ယံုၾကည္ခ်က္ေတြလည္း ျမင့္မားေနတယ္။ တူခ်ယ္ ကိုင္တြယ္ကတည္းက ပြဲၾကီးေတြကိုလည္း အႏုိင္ရထားခဲ့ပါတယ္။

သိပ္ေကာင္းတဲ့ မန္ေနဂ်ာနဲ႔ သိပ္ေကာင္းတဲ့ လူစာရင္း ေပါင္းဖက္မႈ ျဖစ္ထားပါတယ္။ ေအာင္ျမင္တဲ့ ေဘာလံုးရာသီ ပိုင္ဆိုင္လိမ့္မယ္လို႔ ခန္႔မွန္းခံထားရတယ္။ အဲ့လို ခ်ယ္ဆီးအသင္းျဖစ္ပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔က အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာပါ။ က်ေန္ာတို႔ ပံုစံေကာင္းမွာ ရွိေနျပီး အဲ့တာကို အသံုးခ်လိုပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။