ချယ်ဆီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကလော့ပ်ရဲ့ ဖြေဆိုပေးမှုတွေဖြစ်ပါတယ်။

နွေဈေးကွက်နဲ့ ပတ်သက်လို့ …

ကျနော်တို့အတွက် အရမ်းကို အလုပ်များတဲ့ ၄ ရက်တာကာလ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လို့ ဘာဖြစ်လာမယ်ဆိုတာကလည်း မသိနိုင်သေးပါဘူး။

အခြားအသင်းတွေ လူခေါ်နေမှု …

အခြားအသင်းတွေက သူတို့ရဲ့ တိုက်စစ်ပိုင်းတွေမှာ အင်အားဖြည့်ဖို့ လိုတယ်လို့ ယူဆပြီး ကစားသမား ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မန်စီးတီးက စီရော်နယ်ဒိုကို ခေါ်ယူမယ့်အပေါ်…

ပွဲကြည့်ပရိသတ် အနေနဲ့ပဲ ကြည့်နေပါတယ်။ အဲ့တာနဲ့ ပတ်သက်လို့ ကျနော် သိပ် မသိပါဘူး။ ဒီကိစ္စအပေါ် ကျနော် အကဲဖြတ်ပေးလို့လည်း မရပါဘူး။ အခြားကလပ်တွေက ဒီအပြောင်းအရွှေကို လုပ်နေတယ်ဆိုတာ အနာဂတ်အတွက် မဟုတ်ပါဘူး။ လက်ရှိ အခြေအနေအတွက် ကြိုးစာေးနတာဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ကိစ္စ …

ဝိုက်နယ်ဒမ်က ကျနေ်ာတို့အတွက် ပွဲတွေ အများကြီးကို ကစားခဲ့ပါတယ်။ ဒါပေမယ့် ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်တဲ့ သူမျိုးကို လိုတာဆိုရင် ကျနော်တို့မှာ အဲ့လို ကစားသမားတွေ ရှိနေပါတယ်။ ကောင်းမွန်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ကျနေ်ာတို့မှာ ရှိနေတယ်။ အရင်အပတ်က ဟာဗေးကို ထည့်ကစားခဲ့တာက ကွင်းလယ်လူ မရှိလို့ အရေးပေါ် သုံးခဲ့တာမျိုး မဟုတ်ပါဘူး။

ကွင်းလယ်လူသစ် ဝယ်ဖို့ မလိုဘူးလား …

ဈေးကွက်ထဲမှာ ကွင်းလယ်လူ ရှိနေတယ်ဆိုတိုင်း ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ မလိုပါဘူး။ လူတွေက ကွင်းလယ်လူတစ်ယောက် ခေါ်ယူသင့်တယ်ဆိုတိုင်း ခေါ်ဖို့လည်း မလိုဘူး။ ကျနေ်ာတို့ိကို တိုးတက်စေမယ့် ကစားသမားတစ်ယောက်လို့ ယူဆရင် ကျနေ်ာတို့ ခေါ်ပါမယ်။

ခ်ယ္ဆီးပြဲႀကိဳ မီဒီယာေတြ႕ဆုံမႈမွာ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို ကေလာ့ပ္ရဲ႕ ေျဖဆိုေပးမႈေတြျဖစ္ပါတယ္။

ေႏြေဈးကြက္နဲ႔ ပတ္သက္လို႔ …

က်ေနာ္တို႔အတြက္ အရမ္းကို အလုပ္မ်ားတဲ့ ၄ ရက္တာကာလ ျဖစ္လာမယ္လို႔ မထင္ပါဘူး။ ဒါေပမယ့္လို႔ ဘာျဖစ္လာမယ္ဆိုတာကလည္း မသိႏိုင္ေသးပါဘူး။

အျခားအသင္းေတြ လူေခၚေနမႈ …

အျခားအသင္းေတြက သူတို႔ရဲ႕ တိုက္စစ္ပိုင္းေတြမွာ အင္အားျဖည့္ဖို႔ လိုတယ္လို႔ ယူဆၿပီး ကစားသမား ေခၚယူမႈေတြ လုပ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

မန္စီးတီးက စီေရာ္နယ္ဒိုကို ေခၚယူမယ့္အေပၚ…

ပြဲၾကည့္ပရိသတ္ အေနနဲ႔ပဲ ၾကည့္ေနပါတယ္။ အဲ့တာနဲ႔ ပတ္သက္လို႔ က်ေနာ္ သိပ္ မသိပါဘူး။ ဒီကိစၥအေပၚ က်ေနာ္ အကဲျဖတ္ေပးလို႔လည္း မရပါဘူး။ အျခားကလပ္ေတြက ဒီအေျပာင္းအေ႐ႊကို လုပ္ေနတယ္ဆိုတာ အနာဂတ္အတြက္ မဟုတ္ပါဘူး။ လက္ရွိ အေျခအေနအတြက္ ႀကိဳးစာေးနတာျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ကိစၥ …

ဝိုက္နယ္ဒမ္က က်ေန္ာတို႔အတြက္ ပြဲေတြ အမ်ားႀကီးကို ကစားခဲ့ပါတယ္။ ဒါေပမယ့္ ေပါက္ကြဲအားေကာင္းေကာင္း ကစားႏိုင္တဲ့ သူမ်ိဳးကို လိုတာဆိုရင္ က်ေနာ္တို႔မွာ အဲ့လို ကစားသမားေတြ ရွိေနပါတယ္။ ေကာင္းမြန္တဲ့ စြမ္းရည္ေတြ ပိုင္ဆိုင္ထားတဲ့ ကစားသမားေတြ က်ေန္ာတို႔မွာ ရွိေနတယ္။ အရင္အပတ္က ဟာေဗးကို ထည့္ကစားခဲ့တာက ကြင္းလယ္လူ မရွိလို႔ အေရးေပၚ သုံးခဲ့တာမ်ိဳး မဟုတ္ပါဘူး။

ကြင္းလယ္လူသစ္ ဝယ္ဖို႔ မလိုဘူးလား …

ေဈးကြက္ထဲမွာ ကြင္းလယ္လူ ရွိေနတယ္ဆိုတိုင္း ကြင္းလယ္လူတစ္ဦး ေခၚယူဖို႔ မလိုပါဘူး။ လူေတြက ကြင္းလယ္လူတစ္ေယာက္ ေခၚယူသင့္တယ္ဆိုတိုင္း ေခၚဖို႔လည္း မလိုဘူး။ က်ေန္ာတို႔ိကို တိုးတက္ေစမယ့္ ကစားသမားတစ္ေယာက္လို႔ ယူဆရင္ က်ေန္ာတို႔ ေခၚပါမယ္။