လီဗာပူးအသင်းဟာ ရာသီသစ်ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲအဖြစ် အေစီမီလန်ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ပွဲချိန်ဇယားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အက်သလက်တီကို၊ ပေါ်တို၊ အေစီမီလန်တို့နဲ့အတူ အုပ်စု ဘီမှာ ကျရောက်နေတာပါ။ ၂၀၀၅၊ ၂၀၀၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ အေစီမီလန်နဲ့တော့ စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဆိုပါပွဲဟာ လိဒ်ယူနိုက်တက် (အဝေးကွင်း)၊ ပဲလေစ့် (အိမ်ကွင်း)တို့ကို ယှဉ်ပြိုင်ကစားရမယ့် အမှတ်ပေးပွဲစဉ်တွေကြားမှာ ဖြစ်ပါတယ်။

ပွဲစဉ် ၂ အဖြစ် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁း၃၀ နာရီမှာ ပေါ်တိုအသင်း အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကာ ဘရန့်ဖိုဒ့် (အဝေးကွင်း)၊ မန်စီးတီး (အိမ်ကွင်း) ပွဲစဉ်တွေ ကြားမှာဖြစ်ပါတယ်။

ပွဲစဉ် ၃ အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁း၃၀ နာရီမှာ အက်သလက်တီကို အဝေးကွင်းအတွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဆိုပါပွဲကတော့ ဝတ်ဖိုဒ့် (အဝေးကွင်း)၊ ယူနိုက်တက် (အဝေးကွင်း) ပွဲတွေကြားဖြစ်လို့ အဝေးကွင်း သုံးပွဲဆက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ပွဲစဉ် ၄ အဖြစ် ဘရိုက်တန် (အိမ်ကွင်း)နဲ့ ဝက်ဟမ်း (အဝေးကွင်း) ကြား နိုဝင်ဘာလ ၄ ရက်နေ့မှာ အက်သလက်တီကို (အိမ်ကွင်း)

ပွဲစဉ် ၅ အဖြစ် အာဆင်နယ် (အိမ်ကွင်း)၊ ဆောက်သမ်တန် (အိမ်ကွင်း) ကြား နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပေါ်တို (အိမ်ကွင်း)

အုပ်စုတွင်း နောက်ဆုံးပွဲအဖြစ် ဝုဗ် (အဝေးကွင်း)၊ အက်စွန်ဗီလာ (အိမ်ကွင်း) ကြား ဒီဇင်ဘာလ ၈ ရက်နေ့မှာ အေစီမီလန် (အဝေးကွင်း) တို့ကို သွားရောက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္ရဲ႕ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ေအစီမီလန္ကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ရမွာျဖစ္ေၾကာင္း ပြဲခ်ိန္ဇယားေတြ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ အက္သလက္တီကို၊ ေပၚတို၊ ေအစီမီလန္တို႔နဲ႔အတူ အုပ္စု ဘီမွာ က်ေရာက္ေနတာပါ။ ၂၀၀၅၊ ၂၀၀၇ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြမွာ ျပိဳင္ဘက္ေဟာင္းျဖစ္တဲ့ ေအစီမီလန္နဲ႔ေတာ့ စက္တင္ဘာလ ၁၆ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီ မွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

အဆိုပါပြဲဟာ လိဒ္ယူႏုိက္တက္ (အေဝးကြင္း)၊ ပဲေလစ့္ (အိမ္ကြင္း)တို႔ကို ယွဥ္ျပိဳင္ကစားရမယ့္ အမွတ္ေပးပြဲစဥ္ေတြၾကားမွာ ျဖစ္ပါတယ္။

ပြဲစဥ္ ၂ အျဖစ္ စက္တင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၁း၃၀ နာရီမွာ ေပၚတိုအသင္း အိမ္ကြင္းကို သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ဘရန္႔ဖိုဒ့္ (အေဝးကြင္း)၊ မန္စီးတီး (အိမ္ကြင္း) ပြဲစဥ္ေတြ ၾကားမွာျဖစ္ပါတယ္။

ပြဲစဥ္ ၃ အျဖစ္ ေအာက္တိုဘာလ ၂၀ ရက္ေန႔ နံနက္ ၁း၃၀ နာရီမွာ အက္သလက္တီကို အေဝးကြင္းအတြင္း သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အဆိုပါပြဲကေတာ့ ဝတ္ဖိုဒ့္ (အေဝးကြင္း)၊ ယူႏုိက္တက္ (အေဝးကြင္း) ပြဲေတြၾကားျဖစ္လို႔ အေဝးကြင္း သံုးပြဲဆက္ ယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။

ပြဲစဥ္ ၄ အျဖစ္ ဘရိုက္တန္ (အိမ္ကြင္း)နဲ႔ ဝက္ဟမ္း (အေဝးကြင္း) ၾကား ႏုိဝင္ဘာလ ၄ ရက္ေန႔မွာ အက္သလက္တီကို (အိမ္ကြင္း)

ပြဲစဥ္ ၅ အျဖစ္ အာဆင္နယ္ (အိမ္ကြင္း)၊ ေဆာက္သမ္တန္ (အိမ္ကြင္း) ၾကား ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာ ေပၚတို (အိမ္ကြင္း)

အုပ္စုတြင္း ေနာက္ဆံုးပြဲအျဖစ္ ဝုဗ္ (အေဝးကြင္း)၊ အက္စြန္ဗီလာ (အိမ္ကြင္း) ၾကား ဒီဇင္ဘာလ ၈ ရက္ေန႔မွာ ေအစီမီလန္ (အေဝးကြင္း) တို႔ကို သြားေရာက္ ယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။