လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ အန်ဖီးကွင်းအတွင်း ချယ်ဆီးအသင်းကို ဧည့်ခံ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ပွဲကြိုအတွင်း နားလည်ထားရတာက လီဗာပူး လူစာရင်းဟာ မီလ်နာ တစ်ဦးတည်းကလွဲရင် ရိုဘိုကအစ ကျန်ကစားသမားအားလုံး ဒဏ်ရာ ပြဿနာမရှိဘဲ ကြံ့ခိုင်မှု ကောင်းနေတယ်လို့ သိရတယ်။ ဘန်လေနဲ့ပွဲမှာ မပါထားနိုင်တဲ့ ဖာဘင်ညို၊ ချိန်ဘာလိန်တို့ကလည်း ဒီကနေ့ပွဲအတွက် အဆင်သင့် ဖြစ်နေမှာဖြစ်ပါတယ်။

ဒီနေ့ပွဲအတွက် လီဗာပူးပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာ ကိစ္စ (၃) ခု ရှိပါတယ်။ အဲ့တာတွေက ဘယ်အစွန်နေရာ ဘယ်သူတွေကို သုံးမလဲ၊ ကွင်းလယ် သုံးယောက်တန်းနဲ့ နံပါတ် ၉ နေရာက ဘယ်သူ ပွဲထွက်မလဲဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဂိုးသမားနေရာ အယ်လီဆန်ကိုပဲ ထုတ်သုံးပြီး ညာအစွန် ထရန့်၊ ဗဟိုခံစစ်မှူးတွေအဖြစ် မာတစ်နဲ့ ဗန်ဒိုက်ကိုပဲ ထုတ်သုံးပါမယ်။ ဒီအတွဲဟာ တည်ငြိမ်မှုတွေ ပြသနေပြီး သူတို့ အချင်းချင်းကြား နားလည်မှုတွေ ရှာဖွေနိုင်နေတဲ့ အခြေအနေဖြစ်ပါတယ်။

ဘယ်အစွန်အတွက်ကတော့ ကိုစတက် ခြေစွမ်းတက်နေပေမယ့် ဒီပွဲမှာ ယာဂင်ဟာ ရိုဘိုကိုပဲ ထုတ်သုံးမယ်လို့ ယူဆရတယ်။ ရိုဘိုဟာ ဗန်ဒိုက်၊ မာနေးတို့နဲ့ ကာလရှည် တွဲကစားခဲ့သူဖြစ်လို့ ၂ ပွဲလောက် မပါနိုင်ခဲ့တာနဲ့တင် ကစားပုံ ဟန်ချက်မညီတော့မှာ စိုးရိမ်နေဖို့ လိုအပ်မှာ မဟုတ်ပါဘူး။ စကော့သားကြီး ရာနှုန်းပြည့် ကြံ့ခိုင်နေတယ်ဆိုရင် ဘယ်ခြမ်းမှာ သူနေရာရပါမယ်။

ကွင်းလယ်အတွဲအဖြစ်တော့ နံပါတ် ၆ နေရာမှာ ဖာဘင်ညို ကစားခွင့်ရမှာဖြစ်ကာ သူ့အရှေ့ ဘယ်ခြမ်းမှာတော့ ရာသီစကတည်းက ပုံမှန် ကစားခွင့်ရနေတဲ့ ကိတ်တာ ပါဝင်ရမှာဖြစ်ပါတယ်။ ဖာဘင်ညိုရဲ့ ညာခြမ်းနေရာအတွက် ရွေးချယ်စရာက အယ်လီးယော့၊ သီယာဂို၊ ချိန်ဘာလိန်၊ ဟန်ဒို၊ ဂျုံးတို့ ရှိနေတာဖြစ်ပြီး ယာဂင်ရဲ့ ပုံစံအရတော့ ဟန်ဒိုကိုပဲ ရွေးချယ်ဖို့ များပါတယ်။

ဘန်လေနဲ့ပွဲမှာ ဟန်ဒိုဟာ ကွင်းလယ်ကနေပြီး လီဗာပူးအသင်းဖော်တွေကို ဘောလုံးမြန်မြန် ရွေ့ပေးနိုင်အောင် ကြိုးစားပေးခဲ့တာကို မြင်ခဲ့ရတယ်။ သူဟာ ထရန့်ရဲ့ ညာခြမ်း နေရာလွတ်ကို ဖာထေးဖို့အပြင် ဖာဘင်ညို ရှေ့တက်ကစားချိန်မှာ ဗန်ဒိုက်နဲ့ မာတစ်တို့ကြား နေရာလွတ်ကို ဝင်ကူပေးဖို့ကိုလည်း တာဝန်ယူမယ့်သူ ဖြစ်ပါတယ်။

တိုက်စစ်အတွက်ကတော့ ဘယ် ညာ တောင်ပံတွေမှာ ဆာဒီယို၊ ဆာလာတို့ပဲ ပွဲထွက်လာဦးမှာဖြစ်ကာ နံပါတ် ၉ နေရာမှာတော့ ဂျိုတာကို ပွဲထုတ်လာဦးမှာဖြစ်ပါတယ်။ တိုက်စစ်မှူးနေရာအတွက် ဂျိုတာ၊ ဖာမင်နိုတို့ နှစ်ဦး ရှိနေပေမယ့် ကြံ့ခိုင်မှုအရ ဂျိုတာက အကောင်းဆုံး အနေအထားမှာ ရှိနေသူဖြစ်ပါတယ်။

ဒုတိယမြောက် ဖြစ်နိုင်ချေ အရှိဆုံး လူစာရင်းမှာတေ့ာ ကိတ်တာနေရာမှာ ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ သီယာဂို ဝင်စေပြီး ပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ နံပါတ် ၉ နေရာမှာတော့ အသင်းဖော်တွေနဲ့ တွဲဘက်ကစားနိုင်စွမ်းမှာ ပိုမိုကောင်းမွန်တဲ့ ဖာမင်နိုကို ထည့်သုံးဖို့ဖြစ်တယ်။

ဒီလူစာရင်း နှစ်ခုကပဲ ချယ်ဆီးနဲ့ပွဲအတွက် ဖြစ်နိုင်ချေ အရှိဆုံး လူစာရင်းဖြစ်ကာ ယာဂင် ဘယ်လို စီမံလာမလဲကတော့ ဒီညပွဲမှာ သိရမှာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၁ နာရီမွာေတာ့ အန္ဖီးကြင္းအတြင္း ခ်ယ္ဆီးအသင္းကို ဧည့္ခံ ယွဥ္ျပိဳင္ကစားမွာျဖစ္ပါတယ္။

ပြဲၾကိဳအတြင္း နားလည္ထားရတာက လီဗာပူး လူစာရင္းဟာ မီလ္နာ တစ္ဦးတည္းကလြဲရင္ ရိုဘိုကအစ က်န္ကစားသမားအားလံုး ဒဏ္ရာ ျပႆနာမရွိဘဲ ၾကံ႕ခိုင္မႈ ေကာင္းေနတယ္လို႔ သိရတယ္။ ဘန္ေလနဲ႔ပြဲမွာ မပါထားႏုိင္တဲ့ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္တို႔ကလည္း ဒီကေန႔ပြဲအတြက္ အဆင္သင့္ ျဖစ္ေနမွာျဖစ္ပါတယ္။

ဒီေန႔ပြဲအတြက္ လီဗာပူးပရိသတ္ေတြၾကားမွာ စိတ္ဝင္စားစရာ ကိစၥ (၃) ခု ရွိပါတယ္။ အဲ့တာေတြက ဘယ္အစြန္ေနရာ ဘယ္သူေတြကို သံုးမလဲ၊ ကြင္းလယ္ သံုးေယာက္တန္းနဲ႔ နံပါတ္ ၉ ေနရာက ဘယ္သူ ပြဲထြက္မလဲျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဂိုးသမားေနရာ အယ္လီဆန္ကိုပဲ ထုတ္သံုးျပီး ညာအစြန္ ထရန္႔၊ ဗဟိုခံစစ္မွဴးေတြအျဖစ္ မာတစ္နဲ႔ ဗန္ဒိုက္ကိုပဲ ထုတ္သံုးပါမယ္။ ဒီအတြဲဟာ တည္ျငိမ္မႈေတြ ျပသေနျပီး သူတို႔ အခ်င္းခ်င္းၾကား နားလည္မႈေတြ ရွာေဖြႏုိင္ေနတဲ့ အေျခအေနျဖစ္ပါတယ္။

ဘယ္အစြန္အတြက္ကေတာ့ ကိုစတက္ ေျခစြမ္းတက္ေနေပမယ့္ ဒီပြဲမွာ ယာဂင္ဟာ ရိုဘိုကိုပဲ ထုတ္သံုးမယ္လို႔ ယူဆရတယ္။ ရိုဘိုဟာ ဗန္ဒိုက္၊ မာေနးတို႔နဲ႔ ကာလရွည္ တြဲကစားခဲ့သူျဖစ္လို႔ ၂ ပြဲေလာက္ မပါႏုိင္ခဲ့တာနဲ႔တင္ ကစားပံု ဟန္ခ်က္မညီေတာ့မွာ စိုးရိမ္ေနဖို႔ လိုအပ္မွာ မဟုတ္ပါဘူး။ စေကာ့သားၾကီး ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနတယ္ဆိုရင္ ဘယ္ျခမ္းမွာ သူေနရာရပါမယ္။

ကြင္းလယ္အတြဲအျဖစ္ေတာ့ နံပါတ္ ၆ ေနရာမွာ ဖာဘင္ညိဳ ကစားခြင့္ရမွာျဖစ္ကာ သူ႔အေရွ႔ ဘယ္ျခမ္းမွာေတာ့ ရာသီစကတည္းက ပံုမွန္ ကစားခြင့္ရေနတဲ့ ကိတ္တာ ပါဝင္ရမွာျဖစ္ပါတယ္။ ဖာဘင္ညိဳရဲ႕ ညာျခမ္းေနရာအတြက္ ေရြးခ်ယ္စရာက အယ္လီးေယာ့၊ သီယာဂို၊ ခ်ိန္ဘာလိန္၊ ဟန္ဒို၊ ဂ်ံဳးတို႔ ရွိေနတာျဖစ္ျပီး ယာဂင္ရဲ႕ ပံုစံအရေတာ့ ဟန္ဒိုကိုပဲ ေရြးခ်ယ္ဖို႔ မ်ားပါတယ္။

ဘန္ေလနဲ႔ပြဲမွာ ဟန္ဒိုဟာ ကြင္းလယ္ကေနျပီး လီဗာပူးအသင္းေဖာ္ေတြကို ေဘာလံုးျမန္ျမန္ ေရြ႔ေပးႏုိင္ေအာင္ ၾကိဳးစားေပးခဲ့တာကို ျမင္ခဲ့ရတယ္။ သူဟာ ထရန္႔ရဲ႕ ညာျခမ္း ေနရာလြတ္ကို ဖာေထးဖို႔အျပင္ ဖာဘင္ညိဳ ေရွ႔တက္ကစားခ်ိန္မွာ ဗန္ဒိုက္နဲ႔ မာတစ္တို႔ၾကား ေနရာလြတ္ကို ဝင္ကူေပးဖို႔ကိုလည္း တာဝန္ယူမယ့္သူ ျဖစ္ပါတယ္။

တိုက္စစ္အတြက္ကေတာ့ ဘယ္ ညာ ေတာင္ပံေတြမွာ ဆာဒီယို၊ ဆာလာတို႔ပဲ ပြဲထြက္လာဦးမွာျဖစ္ကာ နံပါတ္ ၉ ေနရာမွာေတာ့ ဂ်ိဳတာကို ပြဲထုတ္လာဦးမွာျဖစ္ပါတယ္။ တိုက္စစ္မွဴးေနရာအတြက္ ဂ်ိဳတာ၊ ဖာမင္ႏိုတို႔ ႏွစ္ဦး ရွိေနေပမယ့္ ၾကံ႕ခိုင္မႈအရ ဂ်ိဳတာက အေကာင္းဆံုး အေနအထားမွာ ရွိေနသူျဖစ္ပါတယ္။

ဒုတိယေျမာက္ ျဖစ္ႏုိင္ေခ် အရွိဆံုး လူစာရင္းမွာေတ့ာ ကိတ္တာေနရာမွာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ သီယာဂို ဝင္ေစျပီး ပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ဖို႔ျဖစ္ပါတယ္။ နံပါတ္ ၉ ေနရာမွာေတာ့ အသင္းေဖာ္ေတြနဲ႔ တြဲဘက္ကစားႏုိင္စြမ္းမွာ ပိုမိုေကာင္းမြန္တဲ့ ဖာမင္ႏိုကို ထည့္သံုးဖို႔ျဖစ္တယ္။

ဒီလူစာရင္း ႏွစ္ခုကပဲ ခ်ယ္ဆီးနဲ႔ပြဲအတြက္ ျဖစ္ႏုိင္ေခ် အရွိဆံုး လူစာရင္းျဖစ္ကာ ယာဂင္ ဘယ္လို စီမံလာမလဲကေတာ့ ဒီညပြဲမွာ သိရမွာပဲျဖစ္ပါတယ္။