ချယ်ဆီးမန်နေဂျာ တူချယ်က မနှစ်ကရာသီ မတ်လမှာတုန်းက အန်ဖီးကွင်းအတွင်း လီဗာပူးကို အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ခြားနားမှုတွေ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

မေဆန်မောင့်ရဲ့ ပထမပိုင်း ပြီးခါနီး သွင်းဂိုးဖြင့် အဆိုပါပွဲကို ချယ်ဆီးက ၁-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ ထိုစဉ်တုန်းက လီဗာပူးဟာ ဗဟိုခံစစ်ပိုင်းမှာ ပြဿနာကြီးတွေ ရှိနေခဲ့ကာ ဒီတစ်ကြိမ်မှာတော့ အဓိက ခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့ ပြန်လည် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

တူချယ်က ” ဗန်ဒိုက် ပါတဲ့ လီဗာပူးနဲ့ ဗန်ဒိုက် မပါတဲ့ လီဗာပူးက ကွားခြားတယ်ဆိုတာကို ကျနော်တို့ မငြင်းလိုပါဘူး။ အဲ့တာက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အဆင့်အတန်းကြောင့်တင် မဟုတ်ဘဲ သူက အနီးအနားက အသင်းဖော်တွေကို သက်သောင့်သက်သာ ရှိနေဖို့နဲ့ ပိုမို အားကောင်းလာစေတယ်လို့ ခံစားရစေသူ ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ မာတစ်တို့ တွဲဘက်လိုက်တာက ပြီးခဲ့တဲ့ မတ်လကနဲ့ အများကြီး ကွာခြားသွားစေခဲ့ပါတယ်။ အန်ဖီးကွင်းထဲကို ပရိသတ်တွေ ပြန်လည် ဝင်ရောက်လာနေတာကလည်း ကြီးမားတဲ့ အားသာချက် ဖြစ်သွားနိုင်ပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်တို့ ပြန်ပါလာခြင်းက ခြားနားမှုဖြစ်သလို ချယ်ဆီးကလည်း မတ်လပွဲတုန်းကနဲ့ မတူညီတဲ့ ကစားသမားကောင်းကို ပိုင်ဆိုင်ထားပါပြီ။ သူတို့ရဲ့ တိုက်စစ်မှူးသစ် လူကာကူဟာ အာဆင်နယ်ကို ရင်ဆိုင်တဲ့ပွဲမှာ တိုက်စစ်ပိုင်း ပုံစံကောင်းတွေ ပြသထားနိုင်တာ ဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာက ” ကျနော်လည်း စောင့်မျှော်နေပါတယ်။ ဘောလုံးပရိသတ်တွေ အများကြီးလည်း ဒီပွဲကို စောင့်မျှော်နေမယ်လို့ ထင်ပါတယ် ” ဆိုပြီး ဗန်ဒိုက်နဲ့ လူကာကူ ရင်ဆိုင်တွေ့ကြမယ့် ကိစ္စကို ပြောပြပါတယ်။

ဆက်ပြီးလည်း ” လူကာကူနဲ့ ဗန်ဒိုက်တို့တင် ရင်ဆိုင်ကစားမှာ မဟုတ်ပါဘူး။ လီဗာပူးနဲ့ ချယ်ဆီးတို့ ရင်ဆိုင်တွေ့ကြမှာ ဖြစ်ပါတယ်။ လူကာကူကတော့ စိန်ခေါ်မှုကြီးကို ထိပ်တိုက်တွေ့ရမှာပေါ့။

လူကာကူက ကျနေ်ာတို့နဲ့ တစ်ပွဲတည်း ကစားထားပေမယ့် အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ သိပ်ကောင်းတဲ့ စတင်မှုဖြစ်ခဲ့ပြီး အာဆင်နယ်ပွဲက အခြေအနေတွေကနေ တစ်ဆင့် အထိုင်ကျလာပြီး ပိုကောင်းလာအောင် ကြိုးစားရမှာပါ။ ဒီလို ပွဲတွေကို ကျနေ်ာတို့ ကြိုက်ပါတယ်။ ဒီလိုပွဲတွေမှာ လူကာကူထံကလည်း အများကြီး မျှော်လင့်ထားပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္က မႏွစ္ကရာသီ မတ္လမွာတုန္းက အန္ဖီးကြင္းအတြင္း လီဗာပူးကို အႏုိင္ရခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ ျခားနားမႈေတြ ရွိေနတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ေမဆန္ေမာင့္ရဲ႕ ပထမပိုင္း ျပီးခါနီး သြင္းဂိုးျဖင့္ အဆိုပါပြဲကို ခ်ယ္ဆီးက ၁-၀ ျဖင့္ အႏုိင္ရခဲ့တာျဖစ္တယ္။ ထိုစဥ္တုန္းက လီဗာပူးဟာ ဗဟိုခံစစ္ပိုင္းမွာ ျပႆနာၾကီးေတြ ရွိေနခဲ့ကာ ဒီတစ္ၾကိမ္မွာေတာ့ အဓိက ခံစစ္အတြဲျဖစ္တဲ့ ဗန္ဒိုက္နဲ႔ မာတစ္တုိ႔ ျပန္လည္ ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။

တူခ်ယ္က ” ဗန္ဒိုက္ ပါတဲ့ လီဗာပူးနဲ႔ ဗန္ဒိုက္ မပါတဲ့ လီဗာပူးက ကြားျခားတယ္ဆိုတာကို က်ေနာ္တို႔ မျငင္းလိုပါဘူး။ အဲ့တာက သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ အဆင့္အတန္းေၾကာင့္တင္ မဟုတ္ဘဲ သူက အနီးအနားက အသင္းေဖာ္ေတြကို သက္ေသာင့္သက္သာ ရွိေနဖို႔နဲ႔ ပိုမို အားေကာင္းလာေစတယ္လို႔ ခံစားရေစသူ ျဖစ္ပါတယ္။

ဗန္ဒိုက္နဲ႔ မာတစ္တို႔ တြဲဘက္လိုက္တာက ျပီးခဲ့တဲ့ မတ္လကနဲ႔ အမ်ားၾကီး ကြာျခားသြားေစခဲ့ပါတယ္။ အန္ဖီးကြင္းထဲကို ပရိသတ္ေတြ ျပန္လည္ ဝင္ေရာက္လာေနတာကလည္း ၾကီးမားတဲ့ အားသာခ်က္ ျဖစ္သြားႏုိင္ပါတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

လီဗာပူးအသင္းမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ မာတစ္တို႔ ျပန္ပါလာျခင္းက ျခားနားမႈျဖစ္သလို ခ်ယ္ဆီးကလည္း မတ္လပြဲတုန္းကနဲ႔ မတူညီတဲ့ ကစားသမားေကာင္းကို ပိုင္ဆိုင္ထားပါျပီ။ သူတို႔ရဲ႕ တိုက္စစ္မွဴးသစ္ လူကာကူဟာ အာဆင္နယ္ကို ရင္ဆိုင္တဲ့ပြဲမွာ တိုက္စစ္ပိုင္း ပံုစံေကာင္းေတြ ျပသထားႏုိင္တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာက ” က်ေနာ္လည္း ေစာင့္ေမွ်ာ္ေနပါတယ္။ ေဘာလံုးပရိသတ္ေတြ အမ်ားၾကီးလည္း ဒီပြဲကို ေစာင့္ေမွ်ာ္ေနမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ဗန္ဒိုက္နဲ႔ လူကာကူ ရင္ဆိုင္ေတြ႔ၾကမယ့္ ကိစၥကို ေျပာျပပါတယ္။

ဆက္ျပီးလည္း ” လူကာကူနဲ႔ ဗန္ဒိုက္တို႔တင္ ရင္ဆိုင္ကစားမွာ မဟုတ္ပါဘူး။ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ရင္ဆိုင္ေတြ႔ၾကမွာ ျဖစ္ပါတယ္။ လူကာကူကေတာ့ စိန္ေခၚမႈၾကီးကို ထိပ္တိုက္ေတြ႔ရမွာေပါ့။

လူကာကူက က်ေန္ာတို႔နဲ႔ တစ္ပြဲတည္း ကစားထားေပမယ့္ အေတာ္ေလး အထင္ၾကီးဖို႔ ေကာင္းပါတယ္။ သိပ္ေကာင္းတဲ့ စတင္မႈျဖစ္ခဲ့ျပီး အာဆင္နယ္ပြဲက အေျခအေနေတြကေန တစ္ဆင့္ အထိုင္က်လာျပီး ပိုေကာင္းလာေအာင္ ၾကိဳးစားရမွာပါ။ ဒီလို ပြဲေတြကို က်ေန္ာတို႔ ၾကိဳက္ပါတယ္။ ဒီလိုပြဲေတြမွာ လူကာကူထံကလည္း အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။