လီဗာပူးလူငယ်လေး အယ်လီးယော့ဟာ နှစ်ပွဲဆက်တိုက် ပွဲထွက်ရမှုအဖြစ် ဘန်လေပွဲနောက်ပိုင်း ချယ်ဆီးနဲ့ပွဲမှာလည်း သူ့နေရာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ကိတ်တာရဲ့ နေရာကို ဆက်ပြီး အနိုင်ရခဲ့ခြင်းဖြစ်ကာ ဖာဘင်ညို၊ ဟန်ဒါဆန်တို့လို ဝါရင့် ကစားသမားတွေနဲ့ တွဲဘက် ကစားသွားခဲ့တာဖြစ်တယ်။ ရလဒ်က စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဆယ်ကျော်သက် ကစားသမားလေးရဲ့ ကစားနိုင်စွမ်းကတော့ တိုးတက်လာခဲ့ပါတယ်။

အထူးသဖြင့် အယ်လီးယော့ဟာ ထရန့်၊ ဆာလာတို့နဲ့ ညာခြမ်းမှာ တြိဂံ အတွဲအဖြစ် ကစားခဲ့ပြီး လိုက်လျောညီထွေး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားလေးဟာ သူ့အသင်းဖော်တွေဖြင့် ကောင်းမွန်စွာ တွဲဘက်နိုင်ခဲ့တယ်လို့ ကလော့ပ်က မြင်ပါတယ်။

ယာဂင်က ပြောရာမှာ “ သိပ်ကောင်းခဲ့ပါတယ်။ ညာခြမ်း တြိဂံအတွဲက ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။ အဲ့တာက ကျနေ်ာတို့အတွက် အရေးကြီးပါတယ်။ မို၊ ထရန့်နဲ့ ဟာဗေးကြား နားလည်နိုင်စွမ်းတွေက သိပ်ကို ကောင်းပါတယ်။ ဒီ သုံးယောက်က သူတို့ခြမ်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။

ဟာဗေးကို ကြည့်ရတာ အဆင်ပြေပါတယ်။ သူက ဘယ်တော့မှ အားမလျော့ဘဲ ဘောလုံးရလာတိုင်း ချယ်ဆီး ခံစစ်ကို ဖောက်ထွက်ဖို ကြိုးစားခဲ့တာကို ကျနော်တို့ မြင်ခဲ့ပါတယ် ” လို့ ဆိုပါတယ်။

မတူညီတဲ့ အခြားသော မီဒီယာကို ဖြေဆိုပေးရမှုမှာ ကလော့ပ်က ဆက်ပြီးလည်း “ ကားမောင်းဖို့ သင့်လျော်တဲ့ အသက်အရွယ် ရောက်ပြီဆိုရင် ဘောလုံးပွဲတွေလည်း ကစားလို့ ရပါပြီ။ သူက နေရာမှန်မှာ ရှိနေတဲ့သူပါ။ စမိတ်ကျတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ သူက တစ်စက်လေးတောင် တုန့်ဆိုင်းမနေဘဲ ဆက်ပြီး ကြိုးစားနေသူပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ညာခြမ်းက အဆင်ပြေခဲ့ပေမယ့် ဘယ်ခြမ်း ထိုးဖောက်မှုတွေကတော့ လိုအပ်ချက်တွေ ရှိခဲ့ကာ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်တို့ဟာ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ အနည်းငယ် ရုန်းကန်နေခဲ့ရဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးလူငယ္ေလး အယ္လီးေယာ့ဟာ ႏွစ္ပြဲဆက္တိုက္ ပြဲထြက္ရမႈအျဖစ္ ဘန္ေလပြဲေနာက္ပိုင္း ခ်ယ္ဆီးနဲ႔ပြဲမွာလည္း သူ႔ေနရာကို ဆက္ထိန္းႏုိင္ခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ကိတ္တာရဲ႕ ေနရာကို ဆက္ျပီး အႏုိင္ရခဲ့ျခင္းျဖစ္ကာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔လို ဝါရင့္ ကစားသမားေတြနဲ႔ တြဲဘက္ ကစားသြားခဲ့တာျဖစ္တယ္။ ရလဒ္က စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ဆယ္ေက်ာ္သက္ ကစားသမားေလးရဲ႕ ကစားႏုိင္စြမ္းကေတာ့ တိုးတက္လာခဲ့ပါတယ္။

အထူးသျဖင့္ အယ္လီးေယာ့ဟာ ထရန္႔၊ ဆာလာတို႔နဲ႔ ညာျခမ္းမွာ ၾတိဂံ အတြဲအျဖစ္ ကစားခဲ့ျပီး လိုက္ေလ်ာညီေထြး ကစားႏုိင္ခဲ့တာျဖစ္ပါတယ္။ ကစားသမားေလးဟာ သူ႔အသင္းေဖာ္ေတြျဖင့္ ေကာင္းမြန္စြာ တြဲဘက္ႏုိင္ခဲ့တယ္လို႔ ကေလာ့ပ္က ျမင္ပါတယ္။

ယာဂင္က ေျပာရာမွာ “ သိပ္ေကာင္းခဲ့ပါတယ္။ ညာျခမ္း ၾတိဂံအတြဲက ေကာင္းေကာင္း အလုပ္ျဖစ္ခဲ့ပါတယ္။ အဲ့တာက က်ေန္ာတို႔အတြက္ အေရးၾကီးပါတယ္။ မို၊ ထရန္႔နဲ႔ ဟာေဗးၾကား နားလည္ႏုိင္စြမ္းေတြက သိပ္ကို ေကာင္းပါတယ္။ ဒီ သံုးေယာက္က သူတို႔ျခမ္းမွာ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါတယ္။

ဟာေဗးကို ၾကည့္ရတာ အဆင္ေျပပါတယ္။ သူက ဘယ္ေတာ့မွ အားမေလ်ာ့ဘဲ ေဘာလံုးရလာတိုင္း ခ်ယ္ဆီး ခံစစ္ကို ေဖာက္ထြက္ဖို ၾကိဳးစားခဲ့တာကို က်ေနာ္တို႔ ျမင္ခဲ့ပါတယ္ ” လို႔ ဆိုပါတယ္။

မတူညီတဲ့ အျခားေသာ မီဒီယာကို ေျဖဆိုေပးရမႈမွာ ကေလာ့ပ္က ဆက္ျပီးလည္း “ ကားေမာင္းဖို႔ သင့္ေလ်ာ္တဲ့ အသက္အရြယ္ ေရာက္ျပီဆိုရင္ ေဘာလံုးပြဲေတြလည္း ကစားလို႔ ရပါျပီ။ သူက ေနရာမွန္မွာ ရွိေနတဲ့သူပါ။ စမိတ္က်တဲ့ ကစားသမားလည္းျဖစ္ပါတယ္။ သူက တစ္စက္ေလးေတာင္ တုန္႔ဆိုင္းမေနဘဲ ဆက္ျပီး ၾကိဳးစားေနသူပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ညာျခမ္းက အဆင္ေျပခဲ့ေပမယ့္ ဘယ္ျခမ္း ထိုးေဖာက္မႈေတြကေတာ့ လိုအပ္ခ်က္ေတြ ရွိခဲ့ကာ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္တို႔ဟာ ၾကံ႔ခိုင္မႈနဲ႔ ပတ္သက္လို႔ အနည္းငယ္ ရုန္းကန္ေနခဲ့ရဆဲျဖစ္ပါတယ္။