လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲမှာ ရိစ်ဂျိမ်းရဲ့ ကိစ္စကို စကားပြောတာက အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

စည်းမျဉ်းဆုံးဖြတ်သူတွေက မန်နေဂျာတွေ ဘာပဲပြောပြော သူတို့ ဆုံးဖြတ်တဲ့အတိုင်းပဲ ဆုံးဖြတ်ကြတာဖြစ်လို့ ပြောလည်း ထူးမယ်မထင်ဘူးလို့ ကလော့ပ်က ဆိုတာပါ။ ဒါပေမယ့်လို့ ရိစ်ဂျိမ်းကို အနီကဒ်ပေးတာက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ပွဲရလဒ်ကို ဖျက်ဆီးခဲ့တာလို့ သူက ဆိုပါသေးတယ်။

ယာဂင်ကလော့ပ်က ” ဒီလို အပြစ်ပေးမှုတွေကို ကျနော် ဘယ်တုန်းကမှ မကြိုက်ပါဘူး။ စည်းမျဉ်း အပြောင်းအလဲတွေ၊ စည်းကမ်းပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တစ်ယောက်ယောက်က ကျနော် ပြောတာ နားထောင်ခဲ့ရင် အများကြီး ခြားနားသွားမှာပါ။ ဒါပေမယ့် သူတို့က သူတို့ ဆုံးဖြတ်တဲ့အတိုင်းပဲ လိုက်နာစေပြီး အဲ့အကြောင်း ပြောနေလို့လည်း အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

ဟုတ်ပါတယ် အဲ့ဆုံးဖြတ်ချက်က ပြင်းထန်လွန်းပါတယ်။ ပွဲကို ဖျက်ဆီးလိုက်တဲ့ ဆုံးဖြတ်မှုလားဆိုရင် ဟုတ်တယ်လို့ပဲ ဖြေရမှာပါပဲ။ ကျနေ်ာတို့ရဲ့ ပထမပိုင်း ခြေစွမ်းကို သဘောကျပါတယ်။ ကျနေ်ာတို့ သိပ်ကောင်းခဲ့ပြီး ချယ်ဆီးကို ပြဿနာတွေ ပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပြဿနာတွေ ပေးနိုင်နေဆဲဖြစ်ပေမယ့် သူတို့အတွက် မလွယ်ကူတဲ့ ပွဲတစ်ပွဲဖြစ်သွားခဲ့တယ်။

ချယ်ဆီးက အကောင်းဆုံး တုန့်ပြန်ခဲ့ပါတယ် အဲ့တာကြောင့်လည်း သူတို့နဲ့ ထိုက်တန်တဲ့ ရမှတ် တစ်မှတ်ကို ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဘယ်သူက ပိုကောင်းသလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် 11 v 11 အခြေအနေကိုပဲ ပိုပြီး သဘောကျပါတယ် ” လို့ တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးပွဲဟာ ပထမပိုင်းမှာ ပိုကြည့်ကောင်းခဲ့ပြီး အကျိတ်အနယ်ဖြစ်ခဲ့တယ်။ ထောင့်ကန်ဘောတောင် မဟုတ်ခဲ့တဲ့ အနေအထားကနေ ချယ်ဆီးက ထောင့်ကန်ဘောရခဲ့ပြီး ဟာဗက်စ် ခေါင်းတိုက်သွင်းခဲ့ပါတယ်။

လီဗာပူးကလည်း အခွင့်အရေးကောင်းအဖြစ် ဧရိယာထဲကနေ အဆုံးသတ်ချိန်မှာ ရိစ်ဂျိမ်း ဘောလုံးကို လက်နဲ့ ရှင်းထုတ်ခဲ့ပြီး ပင်နယ်တီနဲ့ အနီကဒ် ပေးရရာက ပွဲအခြေအနေတွေလည်း ပြောင်းလဲသွားခဲ့ခြင်းပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးနဲ႔ပြဲမွာ ရိစ္ဂ်ိမ္းရဲ႕ ကိစၥကို စကားေျပာတာက အခ်ိန္ကုန္တာပဲ အဖတ္တင္လိမ့္မယ္လို႔ မွတ္ခ်က္ေပးပါတယ္။

စည္းမ်ဥ္းဆံုးျဖတ္သူေတြက မန္ေနဂ်ာေတြ ဘာပဲေျပာေျပာ သူတို႔ ဆံုးျဖတ္တဲ့အတိုင္းပဲ ဆံုးျဖတ္ၾကတာျဖစ္လို႔ ေျပာလည္း ထူးမယ္မထင္ဘူးလို႔ ကေလာ့ပ္က ဆိုတာပါ။ ဒါေပမယ့္လို႔ ရိစ္ဂ်ိမ္းကို အနီကဒ္ေပးတာက ျပင္းထန္တဲ့ ဆံုးျဖတ္ခ်က္ျဖစ္ျပီး ပြဲရလဒ္ကို ဖ်က္ဆီးခဲ့တာလို႔ သူက ဆိုပါေသးတယ္။

ယာဂင္ကေလာ့ပ္က ” ဒီလို အျပစ္ေပးမႈေတြကို က်ေနာ္ ဘယ္တုန္းကမွ မၾကိဳက္ပါဘူး။ စည္းမ်ဥ္း အေျပာင္းအလဲေတြ၊ စည္းကမ္းေျပာင္းလဲမႈေတြနဲ႔ ပတ္သက္လို႔ တစ္ေယာက္ေယာက္က က်ေနာ္ ေျပာတာ နားေထာင္ခဲ့ရင္ အမ်ားၾကီး ျခားနားသြားမွာပါ။ ဒါေပမယ့္ သူတို႔က သူတို႔ ဆံုးျဖတ္တဲ့အတိုင္းပဲ လိုက္နာေစျပီး အဲ့အေၾကာင္း ေျပာေနလို႔လည္း အခ်ိန္ကုန္တာပဲ အဖတ္တင္ပါလိမ့္မယ္။

ဟုတ္ပါတယ္ အဲ့ဆံုးျဖတ္ခ်က္က ျပင္းထန္လြန္းပါတယ္။ ပြဲကို ဖ်က္ဆီးလိုက္တဲ့ ဆံုးျဖတ္မႈလားဆိုရင္ ဟုတ္တယ္လို႔ပဲ ေျဖရမွာပါပဲ။ က်ေန္ာတို႔ရဲ႕ ပထမပိုင္း ေျခစြမ္းကို သေဘာက်ပါတယ္။ က်ေန္ာတို႔ သိပ္ေကာင္းခဲ့ျပီး ခ်ယ္ဆီးကို ျပႆနာေတြ ေပးႏုိင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း ျပႆနာေတြ ေပးႏုိင္ေနဆဲျဖစ္ေပမယ့္ သူတို႔အတြက္ မလြယ္ကူတဲ့ ပြဲတစ္ပြဲျဖစ္သြားခဲ့တယ္။

ခ်ယ္ဆီးက အေကာင္းဆံုး တုန္႔ျပန္ခဲ့ပါတယ္ အဲ့တာေၾကာင့္လည္း သူတို႔နဲ႔ ထိုက္တန္တဲ့ ရမွတ္ တစ္မွတ္ကို ရသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဘယ္သူက ပိုေကာင္းသလဲဆိုတာကို အဆံုးအျဖတ္ေပးမယ့္ 11 v 11 အေျခအေနကိုပဲ ပိုျပီး သေဘာက်ပါတယ္ ” လို႔ တုန္႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ခ်ယ္ဆီးပြဲဟာ ပထမပိုင္းမွာ ပိုၾကည့္ေကာင္းခဲ့ျပီး အက်ိတ္အနယ္ျဖစ္ခဲ့တယ္။ ေထာင့္ကန္ေဘာေတာင္ မဟုတ္ခဲ့တဲ့ အေနအထားကေန ခ်ယ္ဆီးက ေထာင့္ကန္ေဘာရခဲ့ျပီး ဟာဗက္စ္ ေခါင္းတိုက္သြင္းခဲ့ပါတယ္။

လီဗာပူးကလည္း အခြင့္အေရးေကာင္းအျဖစ္ ဧရိယာထဲကေန အဆံုးသတ္ခ်ိန္မွာ ရိစ္ဂ်ိမ္း ေဘာလံုးကို လက္နဲ႔ ရွင္းထုတ္ခဲ့ျပီး ပင္နယ္တီနဲ႔ အနီကဒ္ ေပးရရာက ပြဲအေျခအေနေတြလည္း ေျပာင္းလဲသြားခဲ့ျခင္းပဲျဖစ္ပါတယ္။