ချယ်ဆီးနဲ့ပွဲမှာ ဘယ်အစွန်လူ ရိုဘို ပြန်လည် ပါဝင်လာခဲ့ပြီး တွဲဘက်ဟောင်းကြီး မာနေးနဲ့ ယှဉ်တွဲ ကစားခဲ့ပေမယ့် လီဗာပူးရဲ့ ဘယ်ခြမ်း အားနည်းမှုက မြင်သာခဲ့ပါတယ်။

ရာသီသစ်ရဲ့ ပထမဆုံးပွဲအဖြစ် အသက် ၂၇ နှစ်အရွယ် ဘယ်အစွန်လူဟာ သူ့ရဲ့ နေရာကို ပြန်လည် ရယူနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုစတက်နဲ့ လူစားလဲခံခဲ့ရပေမယ့် အဲ့အချိန်က ပွဲအဖြေကို ပြောင်းလဲနိုင်လောက်အောင် တန်ပိုမြင့်နေတဲ့ အနေအထား မဟုတ်တော့ပါဘူး။ ရိုဘိုဟာ မောပန်းနေတဲ့ အနေအထား မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ထောက်ပံ့မှုမှာတော့ တက်ကြွတဲ့ ကစားဟန်မျိုး မမြင်ခဲ့ရပါဘူး။

မနှစ်ကရာသီ ခြေစွမ်းပိုင်း ရုန်းကန်ထားရတဲ့ မာနေးဟာ ရာသီသစ်ကို အကောင်းဆုံး စတင်ဖို့ ကြိုးစားနေပေမယ့်လည်း စွမ်းဆောင်ရည် တည်ငြိမ်မှု မရှိသေးခြင်းက မြင်သာခဲ့ပါတယ်။ ဘန်လေပွဲမှာ သူ့ရဲ့ ထိုးဖောက်မှုတွေ ကောင်းမွန်ခဲ့ပေမယ့် ဒီပွဲမှာတော့ မာနေးရဲ့ တိုက်စစ်ပိုင်း လှုပ်ရှားမှုတွေက ဟန်ချက်တွေ ပျက်နေခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ပေါက်ကွဲအား ကောင်းတဲ့ တိုက်စစ်သမားဟာ ချယ်ဆီးခံစစ်သမား အပလီကွီတာနဲ့ ရင်ဆိုင်ရာမှာ ဒုက္ခတွေ ရောက်နေခဲ့တာဖြစ်တယ်။ ရော်ဘတ်ဆန်ထံက ပံ့ပိုးမှုကလည်း မာနေးရဲ့ လှုပ်ရှားမှုတွေအတွက် အကူအညီမဖြစ်ခဲ့လို့ သူတို့ အကောင်းဆုံး လုပ်နိုင်ချိန်တွေမှာ မြင်တွေ့ရတဲ့ စွမ်းဆောင်ရည်တွေကို မရောက်ခဲ့ပါဘူး။

မာနေးလို ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်က ချယ်ဆီးခံစစ်ကို ထိုးဖောက်ဖို့ ထပ်ဖန်တလဲလဲ ကြိုးစားချိန်မှာ တူညီတဲ့ အမှားတွေနဲ့ပဲ ကျရှုံးခဲ့တာမျိုး မြင်ရတာက စိတ်ပျက်စရာဖြစ်ခဲ့တယ်။ မာနေးဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အတက်အကျ မများစေဘဲ တည်ငြိမ်တဲ့ အနေအထားမှာ ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဘယ်ခြမ်း တွဲဘက်မှုမှာ ကိတ်တာကို ထုတ်ထားခဲ့ပြီး ရိုဘို၊ ဟန်ဒို၊ မာနေးတို့ကို အသုံးပြုခဲ့ကာ ပထမပိုင်းမှာတော့ သူတို့ရဲ့ တွဲလုံးတွေက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပိုင်ဆိုင်မှုယူပြီး ချယ်ဆီးခံစစ်ကို ထိုးဖောက်ရာမှာတော့ ပေးချက်တွေကအစ နှေးကွေးနေခဲ့ပြီး လိုအပ်သလို မြန်ဆန်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ လီဗာပူး လူစာရင်းအရ ရိုဘိုနဲ့ မာနေးတို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်နိုင်ခြင်း မရှိဘူးဆိုရင် ကိုစတက်၊ ဂျိုတာလို ကစားသမားတွေကို ပွဲထွက်ခွင့်တွေ လွဲပြောင်းပေးရဖို့ ရှိနေမျာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ ဘယ္အစြန္လူ ရိုဘို ျပန္လည္ ပါဝင္လာခဲ့ျပီး တြဲဘက္ေဟာင္းၾကီး မာေနးနဲ႔ ယွဥ္တြဲ ကစားခဲ့ေပမယ့္ လီဗာပူးရဲ႕ ဘယ္ျခမ္း အားနည္းမႈက ျမင္သာခဲ့ပါတယ္။

ရာသီသစ္ရဲ႕ ပထမဆံုးပြဲအျဖစ္ အသက္ ၂၇ နွစ္အရြယ္ ဘယ္အစြန္လူဟာ သူ႔ရဲ႕ ေနရာကို ျပန္လည္ ရယူႏုိင္ခဲ့တယ္။ ေနာက္ပိုင္းမွာ ကိုစတက္နဲ႔ လူစားလဲခံခဲ့ရေပမယ့္ အဲ့အခ်ိန္က ပြဲအေျဖကို ေျပာင္းလဲႏုိင္ေလာက္ေအာင္ တန္ပိုျမင့္ေနတဲ့ အေနအထား မဟုတ္ေတာ့ပါဘူး။ ရိုဘိုဟာ ေမာပန္းေနတဲ့ အေနအထား မဟုတ္ေပမယ့္ တိုက္စစ္ပိုင္း ေထာက္ပံ့မႈမွာေတာ့ တက္ၾကြတဲ့ ကစားဟန္မ်ိဳး မျမင္ခဲ့ရပါဘူး။

မႏွစ္ကရာသီ ေျခစြမ္းပိုင္း ရုန္းကန္ထားရတဲ့ မာေနးဟာ ရာသီသစ္ကို အေကာင္းဆံုး စတင္ဖို႔ ၾကိဳးစားေနေပမယ့္လည္း စြမ္းေဆာင္ရည္ တည္ျငိမ္မႈ မရွိေသးျခင္းက ျမင္သာခဲ့ပါတယ္။ ဘန္ေလပြဲမွာ သူ႔ရဲ႕ ထိုးေဖာက္မႈေတြ ေကာင္းမြန္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ မာေနးရဲ႕ တိုက္စစ္ပိုင္း လႈပ္ရွားမႈေတြက ဟန္ခ်က္ေတြ ပ်က္ေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ေပါက္ကြဲအား ေကာင္းတဲ့ တိုက္စစ္သမားဟာ ခ်ယ္ဆီးခံစစ္သမား အပလီကီြတာနဲ႔ ရင္ဆိုင္ရာမွာ ဒုကၡေတြ ေရာက္ေနခဲ့တာျဖစ္တယ္။ ေရာ္ဘတ္ဆန္ထံက ပံ့ပိုးမႈကလည္း မာေနးရဲ႕ လႈပ္ရွားမႈေတြအတြက္ အကူအညီမျဖစ္ခဲ့လို႔ သူတို႔ အေကာင္းဆံုး လုပ္ႏုိင္ခ်ိန္ေတြမွာ ျမင္ေတြ႔ရတဲ့ စြမ္းေဆာင္ရည္ေတြကို မေရာက္ခဲ့ပါဘူး။

မာေနးလို ထိပ္တန္းအဆင့္ ကစားသမားတစ္ေယာက္က ခ်ယ္ဆီးခံစစ္ကို ထိုးေဖာက္ဖို႔ ထပ္ဖန္တလဲလဲ ၾကိဳးစားခ်ိန္မွာ တူညီတဲ့ အမွားေတြနဲ႔ပဲ က်ရွံဳးခဲ့တာမ်ိဳး ျမင္ရတာက စိတ္ပ်က္စရာျဖစ္ခဲ့တယ္။ မာေနးဟာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို အတက္အက် မမ်ားေစဘဲ တည္ျငိမ္တဲ့ အေနအထားမွာ ထိန္းသိမ္းႏုိင္ဖို႔ လိုအပ္ေနခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဘယ္ျခမ္း တြဲဘက္မႈမွာ ကိတ္တာကို ထုတ္ထားခဲ့ျပီး ရိုဘို၊ ဟန္ဒို၊ မာေနးတို႔ကို အသံုးျပဳခဲ့ကာ ပထမပိုင္းမွာေတာ့ သူတို႔ရဲ႕ တြဲလံုးေတြက ေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ပိုင္ဆိုင္မႈယူျပီး ခ်ယ္ဆီးခံစစ္ကို ထိုးေဖာက္ရာမွာေတာ့ ေပးခ်က္ေတြကအစ ေႏွးေကြးေနခဲ့ျပီး လိုအပ္သလို ျမန္ဆန္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိ လီဗာပူး လူစာရင္းအရ ရိုဘိုနဲ႔ မာေနးတို႔ဟာ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ျမင့္တင္ႏုိင္ျခင္း မရွိဘူးဆိုရင္ ကိုစတက္၊ ဂ်ိဳတာလို ကစားသမားေတြကို ပြဲထြက္ခြင့္ေတြ လြဲေျပာင္းေပးရဖို႔ ရွိေနမ်ာျဖစ္ပါတယ္။