ဒီရာသီမှာ ဗဟိုခံစစ်မှူး မာတစ်ဟာ လီဗာပူးပရိသတ်တွေကြား အတော်လေး လူပြောများလာနေပြီး သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်တွေကို အထင်ကြီးမှုတွေလည်း ပြန်လည် မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဗန်ဒိုက်ပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အကောင်းဆုံး ခံစစ်မှူးလား? ဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်ခဲ့ပေမယ့်လည်း မာတစ်ရဲ့ ဂုဏ်သတင်းဟာ သူ့ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့တာပါ။ နှစ်တိုင်းမှာ ဒဏ်ရာရတတ်ခြင်းကပဲ သူ့အပေါ် လီဗာပူးပရိသတ်တွေ အဓိက စိတ်ပျက်နေရတဲ့ အချက်ဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဗဟိုခံစစ်မှူးတွေ ပြန်စုံလာခဲ့ပြီဖြစ်လို့ မနှစ်က မြင်ထားရတဲ့ ခံစစ်ပိုင်း ပြဿနာတွေ မမြင်ရတော့ဘူးလို့ ယုံကြည်ရတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲအပြီးမှာ မာတစ်နဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေကြား အကောင်းမြင့်တဲ့ မှတ်ချက်တွေက ပိုလို့ မြင့်တက်လာပါတယ်။ ချယ်ဆီးနဲ့ပွဲအပြီးမှာတော့ လူကာကူကို အိတ်ကပ်ထဲ ထည့်ထားသလို အပိုင် ထိန်းချုပ်ပြခဲ့တဲ့ မာတစ်ကို အထင်မှုတွေ ပိုမို များပြားလာခဲ့တယ်။

မာတစ်ကို လီဗာပူးပရိသတ်တွေ နှစ်သက်ရခြင်းမှာ no context Joel Matip ဆိုတဲ့ တွစ်တာအကောင့်ကလည်း အရေးပါပါတယ်။ အဆိုပါ တွစ်တာအကောင့်ဟာ မာတစ်ရဲ့ ရယ်စရာကောင်းတဲ့ ကွင်းထဲက အပြုအမှုတွေအပြင် မာတစ်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပုံမှန် ဖော်ပြလေ့ရှိတဲာဖြစ်ပါတယ်။

ကြားသိရတာကတော့ ဗန်ဒိုက်ဟာ မာတစ်နဲ့ ဖုန်းပြောခဲ့ရင် အဆိုပါ တွစ်တာအကောင့်ကို သူအရမ်း သဘောကျပြီး ပုံမှန်ကြည့်ဖြစ်ကြောင်း ထုတ်ထုတ်ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီရာသီမှာ မာတစ်ဟာ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းဖြစ်တဲ့ အမြင့်ဘော ပိုင်နိုင်မှု၊ ဘောလုံးနဲ့အတူ ဆွဲတက်ရာမှာ ထူးချွန်မှုနဲ့ တိုက်စစ်ကို ဘောလုံး ထုတ်ပေးနိုင်မှုတွေကို ဆက်လက် ပြသထားတယ်။ ချယ်ဆီးနဲ့ပွဲမှာဆိုရင် တိုက်စစ်မှူး လူကာကူဟာ ဗန်ဒိုက်အစား မာတစ်ကို ထိပ်တိုက်တွေ့ဖို့ ရွေးချယ်ခဲ့ပေမယ့် ကင်မရွန်းသားကြီးကို အသာမရခဲ့သလို ကျော်ဖြတ်ပြေးဖို့ မလွယ်ခဲ့ပါဘူး။

လူကာကူကို မာတစ် ကောင်းကောင်း ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်လို့ ယာဂင်ကလည်း ” တကယ်တော့ အဲ့တာက ပုံမှန်ပါပဲ။ လူတိုင်းက ဗန်ဒိုက်နဲ့ ပတ်သက်ပြီး စကားပြောနေကြပြီး မာတစ်အတွက် လုံလောက်တဲ့ အသိအမှတ်ပြု စကားတွေ ပြောပေးကြတာမျိုး နည်းပါတယ်။ မာတစ်က ထိပ်တန်း ခံစစ်မှူးကောင်းပါ ” လို့ အသိအမှတ်ပြု စကား ပြောဆိုခဲ့တယ်။

လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲအပြီးမှာ လီဗာပူးရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မာတစ် စွမ်းဆောင်ပြနေတာဖြစ်တယ်။ လီဗာပူးရဲ့ ဆုဖလား ရည်မှန်းချက်တွေအတွက် မာတစ်နဲ့ ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုတွေဟာ ရေရှည်မှာတော့ ထောက်ပြ သုံးသပ်သူတွေရဲ့ အာရုံစိုက်ခြင်းကို ခံလာရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ ဗဟိုခံစစ္မွဴး မာတစ္ဟာ လီဗာပူးပရိသတ္ေတြၾကား အေတာ္ေလး လူေျပာမ်ားလာေနျပီး သူ႔ရဲ႕ ကြင္းတြင္း စြမ္းေဆာင္ရည္ေတြကို အထင္ၾကီးမႈေတြလည္း ျပန္လည္ ျမင့္တက္လာပါတယ္။

ျပီးခဲ့တဲ့ ရာသီေတြတုန္းက ဗန္ဒိုက္ျပီးရင္ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယ အေကာင္းဆံုး ခံစစ္မွဴးလား? ဆိုတဲ့ ေမးခြန္းေတြပါ ထြက္ေပၚခဲ့ေပမယ့္လည္း မာတစ္ရဲ႕ ဂုဏ္သတင္းဟာ သူ႔ရဲ႕ ဒဏ္ရာ ျပႆနာေတြေၾကာင့္ပဲ ျပန္လည္ ေပ်ာက္ကြယ္သြားခဲ့တာပါ။ ႏွစ္တုိင္းမွာ ဒဏ္ရာရတတ္ျခင္းကပဲ သူ႔အေပၚ လီဗာပူးပရိသတ္ေတြ အဓိက စိတ္ပ်က္ေနရတဲ့ အခ်က္ျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ဗဟိုခံစစ္မွဴးေတြ ျပန္စံုလာခဲ့ျပီျဖစ္လို႔ မႏွစ္က ျမင္ထားရတဲ့ ခံစစ္ပိုင္း ျပႆနာေတြ မျမင္ရေတာ့ဘူးလို႔ ယံုၾကည္ရတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲအျပီးမွာ မာတစ္နဲ႔ ပတ္သက္လို႔ လီဗာပူးပရိသတ္ေတြၾကား အေကာင္းျမင့္တဲ့ မွတ္ခ်က္ေတြက ပိုလို႔ ျမင့္တက္လာပါတယ္။ ခ်ယ္ဆီးနဲ႔ပြဲအျပီးမွာေတာ့ လူကာကူကို အိတ္ကပ္ထဲ ထည့္ထားသလို အပိုင္ ထိန္းခ်ဳပ္ျပခဲ့တဲ့ မာတစ္ကို အထင္မႈေတြ ပိုမို မ်ားျပားလာခဲ့တယ္။

မာတစ္ကို လီဗာပူးပရိသတ္ေတြ ႏွစ္သက္ရျခင္းမွာ no context Joel Matip ဆိုတဲ့ တြစ္တာအေကာင့္ကလည္း အေရးပါပါတယ္။ အဆိုပါ တြစ္တာအေကာင့္ဟာ မာတစ္ရဲ႕ ရယ္စရာေကာင္းတဲ့ ကြင္းထဲက အျပဳအမႈေတြအျပင္ မာတစ္ရဲ႕ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ပံုမွန္ ေဖာ္ျပေလ့ရွိတဲာျဖစ္ပါတယ္။

ၾကားသိရတာကေတာ့ ဗန္ဒိုက္ဟာ မာတစ္နဲ႔ ဖုန္းေျပာခဲ့ရင္ အဆိုပါ တြစ္တာအေကာင့္ကို သူအရမ္း သေဘာက်ျပီး ပုံမွန္ၾကည့္ျဖစ္ေၾကာင္း ထုတ္ထုတ္ေျပာေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဒီရာသီမွာ မာတစ္ဟာ သူ႔ရဲ႕ အေကာင္းဆံုး အရည္အခ်င္းျဖစ္တဲ့ အျမင့္ေဘာ ပိုင္ႏုိင္မႈ၊ ေဘာလံုးနဲ႔အတူ ဆြဲတက္ရာမွာ ထူးခၽြန္မႈနဲ႔ တိုက္စစ္ကုိ ေဘာလံုး ထုတ္ေပးႏုိင္မႈေတြကို ဆက္လက္ ျပသထားတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာဆိုရင္ တုိက္စစ္မွဴး လူကာကူဟာ ဗန္ဒိုက္အစား မာတစ္ကို ထိပ္တိုက္ေတြ႔ဖို႔ ေရြးခ်ယ္ခဲ့ေပမယ့္ ကင္မရြန္းသားၾကီးကို အသာမရခဲ့သလို ေက်ာ္ျဖတ္ေျပးဖို႔ မလြယ္ခဲ့ပါဘူး။

လူကာကူကို မာတစ္ ေကာင္းေကာင္း ကိုင္တြယ္ခဲ့တာနဲ႔ ပတ္သက္လို႔ ယာဂင္ကလည္း ” တကယ္ေတာ့ အဲ့တာက ပံုမွန္ပါပဲ။ လူတိုင္းက ဗန္ဒိုက္နဲ႔ ပတ္သက္ျပီး စကားေျပာေနၾကျပီး မာတစ္အတြက္ လံုေလာက္တဲ့ အသိအမွတ္ျပဳ စကားေတြ ေျပာေပးၾကတာမ်ိဳး နည္းပါတယ္။ မာတစ္က ထိပ္တန္း ခံစစ္မွဴးေကာင္းပါ ” လို႔ အသိအမွတ္ျပဳ စကား ေျပာဆိုခဲ့တယ္။

လက္ရွိ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ပြဲအျပီးမွာ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ မာတစ္ စြမ္းေဆာင္ျပေနတာျဖစ္တယ္။ လီဗာပူးရဲ႕ ဆုဖလား ရည္မွန္းခ်က္ေတြအတြက္ မာတစ္နဲ႔ ဗန္ဒိုက္ရဲ႕ ခံစစ္ပိုင္း တည္ျငိမ္မႈေတြဟာ ေရရွည္မွာေတာ့ ေထာက္ျပ သံုးသပ္သူေတြရဲ႕ အာရံုစိုက္ျခင္းကို ခံလာရဖို႔ ရွိေနတာျဖစ္ပါတယ္။