Month

July 2022

ဒီည ၁၂း၃၀ ဆဲလ်ဘတ်နဲ့ ခြေစမ်းပွဲမှာ မြင်ရဖွယ်ရှိတဲ့ အဓိကနဲ့ မိနစ် ၃၀ စာ လူစာရင်း ၂ ခု

မနက်ဖြန်မနက် မြန်မာစံတော်ချိန် ၁၂း၃၀ နာရီမှာ လီဗာပူးအသင်းနဲ့ ဆဲလ်ဘတ်အသင်းတို့ဟာ သြစတြီးယားမြေမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ Team news ဂိုးသမား အယ်လီဆန် လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ။ ဒါပေမယ့် ဒီပွဲမှာ ပါနိုင်မှာ မဟုတ်ပါဘူး။ ကလယ်ဟာ၊ ရမ်ဆေး၊ ချိန်ဘာလိန်၊ ဂေါ်ဒန်နဲ့ ဂျိုတာတို့ အသေးစား ဒဏ်ရာတွေကြောင့် လေ့ကျင့်ရေးမှာ မပါနိုင်သေးပါဘူး။ ရမ်ဆေးနဲ့ ဂေါ်ဒန်ကတော့ သြစတြီးယားမှာ အသင်းနဲ့အတူ ရှိနေပါတယ်။ လိုက်ဇစ်ပွဲနောက်ပိုင်း အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပျောက်နေခဲ့တဲ့ ဖာမင်နို အသင်းလိုက် လေ့ကျင့်ရေး… Continue Reading →

ဆောင်းပါး | လီဗာပူး ကင်းထောက်တွေက ဥရောပ လိဂ်ကြီး (၅) ခုရဲ့ အပြင်ဘက်ကို ဘာလို့ မျှော်ကြည့်နေတာလဲ

၂၀၂၂ စပြီးနောက်ပိုင်း လီဗာပူးအသင်းဟာ အပြောင်းအရွှေ့အတွက် စုစုပေါင်း ပေါင် ၁၄၈ သန်း သုံးစွဲခဲ့ပြီး ပေါ်တူဂီဈေးကွက်က ကစားသမားတွေချည်းပဲ ပေါင် ၁၃၄ သန်းစာ ရှိခဲ့ပါတယ်။ ယခင် အပြောင်းအရွှေ့တွေတုန်းက လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကစားဟန်နဲ့ တူညီတဲ့ ရက်ဘူးလ် အနွယ် ကစားသမားတွေကို ဦးစားပေး ခေါ်ယူခဲ့ပါတယ်။ မာနေး၊ ကိတ်တာ၊ မီလ်နာမီနို၊ အီဘူးတို့လိုပေါ့။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ပေါ်တူဂီလိဂ်ဘက်ကို ပိုအားသန်လာခဲ့ပါတယ်။ ဇန်နဝါရီမှာ လူးဝစ်ဒီယက်စ်က ပေါင် ၄၉ သန်းနဲ့ စတင်ရောက်ရှိလာခဲ့တယ်။… Continue Reading →

ရာသီကြို လေ့ကျင့်ရေးမှာ တပည့်ကျော် ကိုယ်စီနဲ့ လီဗာပူး စီနီယာကစားသမားများ

လီဗာပူးစီနီယာတွေဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကြိုမှာ လူငယ် အသင်းဖော်တွေကို တွဲဘက်ပြီး ဦးဆောင်မှုတွေ ပေးနေခဲ့ပါတယ်။ ဒီနွေမှာတော့ နူးညက်စ်၊ ကာဗယ်ရို၊ ရမ်ဆေးတို့ဟာ အသင်းကို ကစားသမားသစ်တွေအဖြစ် ဝင်ရောက်လာကြပြီး ဘာ့ဆဲတစ်၊ ဟာဗေးနဲ့ အခြားသော လူငယ်တွေကလည်း လာမယ့်ရာသီမှာ နေရာရရေး ကြိုးစားနေကြတာဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ တောင်အမေရိကသားတွေ၊ ဗြိတိန်သားတွေအလိုက် အုပ်စုခွဲပေးထားပြီး ဘာသာစကား အဆင်ပြေတဲ့ အသင်းသားတွေကို စုပေးထားပြီး အစုအဖွဲ့အလိုက် လေ့ကျင့်စေတာပါ။ သီယေဂိုနဲ့ ဖာဘင်ညိုတို့ဟာ တောင်အမေရိက အနွယ်တွေနဲ့ ပူးတွဲ လေ့ကျင့်နေခဲ့ပါတယ်။ “… Continue Reading →

လီဗာပူးအသင်းက ဘာလို့ ဒီကောင်လေးကို အရမ်းမျှော်လင့်ထားလဲ သိခဲ့ပါပြီဆိုတဲ့ Macclesfield FC

လီဗာပူးအသင်းဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဆယ်ကျော်သက် ဂိုးသမားလေး ပီတာလူးဂါကို အင်္ဂလန်အဆင့်နိမ့်တန်းလိဂ်ထံ အငှားချထားခဲ့ပါတယ်။ မနှစ်ကရာသီမှာ အကယ်ဒမီအသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ပီတာလူးဂါဟာ လီဗာပူးအသင်းရဲ့ စတုတ္ထဦးစားပေး ဂိုးသမားဖြစ်ပါတယ်။ သူ့ကို ပုံမှန်ပွဲကစားခွင့်ပေးမယ့် အင်္ဂလန် အဆင့် ၈ လိဂ်က Macclesfield အသင်းထံ လာမယ့်ရာသီအတွက် အငှားချထားတာဖြစ်ပါတယ်။ အဆိုပါကလပ်ကို ပီတာလူးဂါ ရောက်ခဲ့အပြီး ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ လက်စွမ်းပြခဲ့တာနဲ့အတူ ပရိသတ်ကြိုက် ကစားသမားအဖြစ်… Continue Reading →

ကိစ္စကြီး ၂ ရပ် မဖြစ်သ၍ လူသစ် မမျှော်လင့်ပါနဲ့တော့လို့ အသိပေးလာတဲ့ နည်းပြကလော့ပ်

သြစတြီးယားကို ရာသီကြို ပြင်ဆင်ဖို့ ရောက်နေတဲ့ ယာဂင်ကလော့ပ်ကို စကိုင်းစပေါ့က သတင်းမေးမြန်းမှု သွားရောက် လုပ်ဆောင်ခဲ့စဉ် အပြောင်းအရွှေ့ အခြေအနေတွေပါ ထည့်သွင်း မေးမြန်းခံခဲ့ရပါတယ်။ ဒီနွေမှာ ကလပ်အသင်းတိုင်း အားဖြည့်မှုကြီးတွေ လုပ်နေကြပေမယ့် ဈေးကွက်က ပိတ်သေးတာ မဟုတ်ပါဘူး။ အမှတ်ပေးဖလား အဓိကပြိုင်ဘက် မန်စီးတီးရဲ့ ခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ယာဂင်ကလော့ပ်က ” ဈေးကွက်ထဲမှာ အခုအချိန်ထိ ပြိုင်ဘက်တွေက ဘာအမှားမှ မလုပ်ထားကြပါဘူး။ စပါးအသင်းက မနှစ်တည်းက သူတို့ လက်မှတ်ထိုးထားမှုတွေနဲ့အတူ မှန်ကန်တဲ့ ဦးတည်ချက်တွေ… Continue Reading →

ဒီနွေမှာ အာရှကို လီဗာပူးအသင်း လာခဲ့တာက ဈေးကွက် ဆက်ထိန်းထားဖို့နဲ့ commercial ကိစ္စကြောင့် ဖြစ်ပါတယ်

ဒီနွေရာသီကြိုမှာ လီဗာပူးအသင်းဟာ အရှေ့တောင်အာရှကို ရာသီကြိုပြင်ဆင်ဖို့ ရောက်လာခဲ့ပေမယ့် တကယ်တမ်ဒမှာတော့ ဒါဟာ commercial tour ကြောင့်ပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ တရားဝင် လေ့ကျင့်ရေး စတင်ခဲ့တယ်ဆိုပေမယ့် ဆာလာ၊ ဗန်ဒိုက်၊ နူးညက်စ် အပါအဝင် အဓိက ကစားသမားတွေဟာ ဇူလိုင်လ ၉ ရက်နေ့မှ အသင်းနဲ့ တရားဝင် ပူးပေါင်းခဲ့တယ်။ စီနီယာတွေဟာ အသင်းနဲ့ ပူးပေါင်းပြီး ၃ ရက်အကြာ ဘန်ကောက်မှာ ယူနိုက်တက်နဲ့ ခြေစမ်းခဲ့ကာ စင်္ကာပူကို ဆက်ပြီး ထွက်ခွာခဲ့ပါတယ်။… Continue Reading →

လီဗာပူး အသင်းတွင်း အခြေအနေကြောင့် မော်တန်ကို အငှားလွှတ်ခြင်း ဆိုင်းငံ့၊ ဒုတိယနေ့ လေ့ကျင့်ရေးမှာ အသင်းသား ၂၇ ဦး ပါဝင်

လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြို ဒုတိယမြောက်နေ့မှာ အဓိက ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ခဲ့ပြီး ပထမရက်မှာတုန်းက မပါဝင်ခဲ့တဲ့ ဆာလာ၊ နူးညက်စ်၊ ဗန်ဒိုက် အပါအဝင် အသင်းသား ၈ ဦး ပြန်ပါလာခဲ့ပြန်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၁၉ နှစ်သား ကွင်းလယ်လူ မော်တန်ကို မူလ အစီအစဉ်အတိုင်း ဘလက်ဘန်းအသင်းထံ အငှားချရေးကို ကလပ်ဘက်က ဆိုင်းငံ့ထားလိုက်ပါတယ်။ အသင်းဟာ ကစားသမားလေး ပွဲထွက်ခွင့်ရဖို့အတွက် ချန်ပီယံရှစ်ကလပ်ထံ အငှားထွက်ခွင့်ပေးမယ် သဘောတူထားခဲ့ပြီးဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ပွဲထွက် လူစာရင်းကနေ ၆ ပွဲ… Continue Reading →

ဒီအပတ်အတွက် လှပ စိတ်ချမ်းမြေ့ဖွယ် လီဗာပူး ဇာတ်လမ်း ၅ ပုဒ်

လီဗာပူးဟာ ဂျာမနီနဲ့ ဩစတြီးယားမှာ ဆက်လက်လေ့ကျင့်နေခဲ့ကာ နောက်ထပ် အလုပ်ရှုပ်တဲ့ ရက်သတ္တပတ်ကို ကျော်ဖြတ်နေခဲ့ပြီး ဒီအပတ်အတွင်း အန်ဖီးမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခု မြင်တွေခဲ့ရပါတယ်။ ရာသီသစ်က ပိုနီးစပ်လာတာကြောင့် လီဗာပူးဟာ လေ့ကျင့်ရေးအတွက် အရှိန်မြှင့် ကြိုးပမ်းနေပေမယ့် အသင်း အာရုံစိုက်တာက ကွင်းထဲက အရာတွေတင် မဟုတ်ဘဲ အငှားချမှုတွေနဲ့ ကွင်းတိုးချဲ့မှုတွေပါ ပါဝင်ပါတယ်။ ကလော့ပ်နဲ့ အသင်းကတော့ ဩစတြီးယားမှာ အနှောင့်အယှက်ကင်းကင်း လေ့ကျင့်နေကြဆဲပါ။ ဒီအပတ်အတွင်း လီဗာပူးရဲ့ အကောင်းဆုံး ဇာတ်လမ်းလေးတွေကို ထုတ်နုတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ The… Continue Reading →

ဆာလာ၊ နူးညက်စ်၊ ဗန်ဒိုက်တို့ကို အနားပေးခဲ့တဲ့ သြစတြီးယား လေ့ကျင့်ရေး

လီဗာပူးဟာ ကြာသပတေးနေ့က ရက်ဘူးလိုက်ဇစ်ကို ၅-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေကို သောကြာနေ့မှာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ကလော့ပ်နဲ့ အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ရက်ဘူးဆဲလ်ဘက်နဲ့ ခြေစမ်းပွဲ မတိုင်ခင် ဩစတြီးယားကို ပြန်ရောက်နေပြီး လေ့ကျင့်နေတာပါ။ ဆဲလ်ဘက်ပွဲပြီးရင် ကင်းပါဝါကွင်းမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါဝင် နူးညက်စ်ကို မတွေ့ရ ၅-၀ နဲ့ နိုင်ခဲ့တဲ့ပွဲက ဂိုးသွင်းရှင် နှစ်ယောက်လုံးကို ပထမဆုံး လေ့ကျင့်ရေးမှာ မမြင်တွေ့ခဲ့ရပါဘူး။ နူးညက်စ်ဟာ ဩစတြေးလျ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!