ဥရောပ အင်အားကြီး ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ဟာ ယူရိုပါလိဂ် play off အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။
ယူနိုက်တက်ဟာ ဒီညမှာ ယူရိုပါလိဂ် ရှုံံးထွက် အဆင့် ပထမအကျော့ အဖြစ် နျူးကမ့်ထံ သွားကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ရှုံးထွက်အဆင့် တက်ရောက်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။
မန်စီးတီး ဂန္တဝင်လည်း ဖြစ်သလို ဘာစီလိုနာ တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဆာဂျီယို အဂွဲရိုက အဆိုပါ ပွဲစဉ်အတွက် ကြိုတင် သုံးသပ် ခန့်မှန်းပေးခဲ့ပါတယ်။
“ လာလီဂါမှာ ပြသနေတဲ့ ပုံစံအရ ဘာစီလိုနာက တောင့်တင်းတဲ့အသင်း အဖြစ် သူတို့ကိုယ် သူတို့ တည်ဆောက်ခဲ့ပြီး သိပ်ကို တည်ငြိမ်တဲ့ အနေအထား ဖြစ်နေပါတယ်။ သူတို့က ခံစစ်ကို ကျစ်လျစ်အောင်ထားတယ်။ ဂိုးနည်းနည်းလေးပဲ ပေးထားရတာပါ။ ပြီးတော့ တိုက်စစ်မှာလည်း ကျွမ်းကျင်လျင်မြန်တဲ့ ကစားသမားတွေ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းကို ပြန်ရောက်လာခဲ့ပြီး အတိတ်က မတည်ငြိမ် မှုတွေကို ချန်ရစ်ထားနိုင်ခဲ့တယ်။
ဒီည ပွဲက သေချာပေါက် ကြည့်သင့်တဲ့ပွဲပါ။ ဒါပေမယ့် ဘာစီလိုနာ အနိုင်ရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ် ” လို့ ခန့်မှန်းပေးခဲ့တာ ဖြစ်ပါတယ်။
နည်းပြ တန်ဟက် လက်အောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာ အဆင့်၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး လိဂ်ဖလား ဖိုင်နယ်ကိုလည်း ရောက်ရှိထားပါတယ်။
တဖက်မှာ ပြိုင်ဘက် ဘာစီလိုနာ အသင်း က လာလီဂါဇယားထိပ်မှာ ရှိနေကာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် ဖြတ်ထားနိုင်တာပါ။