ချယ်ဆီးအသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ၁၆သင်း အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ် အဖြစ် ဒေါ့မွန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-ဝ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
နည်းပြ ပေါ်တာကတော့ ပွဲရှုံးခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်း အပေါ် ကျေနပ်မှု ရှိကြောင်း၊ နှစ်ကျော့ ကစားရမှာ ဖြစ်လို့ ခုမှ ပွဲချိန်ဝက်သာ ရှိသေးကြောင်း ဖြေလျှော့ ပြောဆိုခဲ့ပါတယ်။
” ခြုံပြီး ပြောရရင်တော့ ဒီနေ့ပွဲ အရေးကြီးအချိန် တော်တော် များများမှာ ပြသခဲ့တဲ့ အသင်းရဲ့ စွမ်းေ်ဆာင်ရည် အပေါ် ကျနော်တို့ ကျေနပ်မိပါတယ်။
လောလောဆယ် ခြေကောင်းနေတဲ့ အသင်း တစ်သင်းကို ချန်ပီယံလိဂ်မှာ အဝေးကွင်း သွားရောက် ကစားရတာက နည်းနည်း ပြောရခက်ပါတယ်။ ပွဲချိန် ပထမပိုင်းမှာ အတော် ကောင်းခဲ့တယ်။ တိုင်ထိတဲ့ အချက်ရော အပါအဝင်ပေါ့။
ကျနေ်ာတို့ လုံလောက်ကောင်းမွန်မှု သိပ် မရှိခဲ့တဲ့ ခံစစ်ပိုင်းလေး တစ်ချက်ကပဲ ပွဲကို အဆုံးအဖြတ် ဖြစ်သွားတာပါ။ ဒုတိယပိုင်းမှာ ပွဲကို ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်။ ကျနော်တို့ တစ်ဂိုးတော့ ရခဲ့သင့်တာ။
အခုက ပွဲချိန်ဝက်ပါပဲ၊ ပွဲက ကြပ်တယ်။ စတန်းဖို့ဘရစ်ချ်မှာ ကစားရမယ့် ပွဲကို ကျနေ်ာ စောင့်မျှော်နေပါပြီ။ ” လို့ ပေါ်တာက ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ကို တက်ရောက်ဖို့ဆိုရင် ချယ်ဆီးအသင်းက ဒုတိယအကျော့ ကစားမယ့် စတန်းဖို့ဘရစ်ချ်က ပွဲမှာ ဒေါ့မွန်ကို ၂ဂိုး အသာနဲ့ အနိုင်ရဖို့ လိုအပ်နေပါတယ်။