သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် ကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ကာ ချီးကျူးစကားတွေ ဆိုလိုက်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်သမား ဖာနန်ဒက်စ်ဟာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေပြီး နည်းပြ အဲရစ်တန်ဟက်ရဲ့ အသင်းမှာ အားထားရသူ ဖြစ်လာနေပါတယ်။

ဖာဒီနန် က ” သူ (ဖာနန်ဒက်စ်) ရဲ့ ဘောလုံး ပေးချက်တွေ၊ အခွင့်အရေး ဖန်တီးတာတွေ ကြည့်လိုက်ကြဦး။ အချက်အလက်တွေ အရတော့ သူ မန်ချက်စတာ ယူနိုက်တက် ရောက်တည်းက ကြည့်မယ် ဆိုရင် ယှဉ်နိုင်တာ မက်ဆီ တစ်ယောက်ပဲ ရှိတော့တယ်။

သူက မက်ဆီ လယ်ဗယ် ရောက်နေပြီ လို့ ကျနော် မပြောလိုပါဘူး။ ဘယ်သူကမှလည်း ဘရူနို က မက်ဆီ လယ်ဗယ်လို့ မပြောဘူး၊ အဲဒီလိုတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် အချက်အလက်တွေ အရ ကြည့်မယ် ဆိုရင် သူ့ အထက်မှာ မက်ဆီပဲ ရှိတော့တယ်။

သူ အဲဒီ လယ်ဗယ်တန်းကို ရောက်ဖို့ ဆိုရင် အဲရစ်ဆန် ကို လိုပါတယ်။ အဲရစ်ဆန် လုပ်ပေးနိုင်တဲ့ လွယ်ကူတဲ့ ဘောလုံး ပေးချက်တွေဟာ အသင်းေ်ဖာ်တွေ အတွက် သိပ်ကို အကျိုးဖြစ်တာပါ။ ” လို့ ယူကျူ့ချယ်နယ် ကနေ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ် မန်ချက်စတာ ယူနိုက်တက်ထံ ရောက်လာတည်းက အချက်အလက်တွေကို ကြည့်မယ် ဆိုရင် ဥရောပ ထိပ်သီး လိဂ် ၅ ခုထဲ ပြိုင်ပွဲစုံ သွင်းဂိုး ၅ဝ ကျော်၊ ဂိုးထောက်ပံ့မှု ၅ဝ ကျော် ပြုလုပ်ထားတာက ဖာနန်ဒက်စ်နဲ့ မက်ဆီ တို့ နှစ်ယောက်တည်းသာ ရှိကြပါတယ်။