အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က နော်တင်ဟမ် ဖောရက်စ် vs အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို အရေးနိမ့်လိုက်တာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် မျှော်လင့်ချက်က ကုန်ဆုံးသွားပါပြီ။ ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ချန်ပီယံဖြစ်ရေးမှာ မန်စီးတီးက ၃ ပွဲထဲက ၁ ပွဲ အနိုင်ရဖို့ပဲ လိုပါတယ်။

ဒီလိုပွဲမျိုးမှာ အာဆင်နယ်ကို တုန့်ပြန်ပြလာတာမျိုးကို မြင်လိုကြပေမယ့် အဲ့လို မြင်ရတာမျိုး ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒီတလောမှာ အာဆင်နယ်က ပွဲတွေကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေပါတယ်။

ရာသီစတုန်းက အာတီတာရဲ့ အသင်းဟာ အရှိန်ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် အခုတလောမှာတော့ အဲ့လို လုပ်နိုင်စွမ်း နည်းနေပါတယ်။

ဖောရက်စ်ကလည်း သူတို့ရဲ့ အနေအထားအရ တကယ်ကြီးကို အားထုတ် ကစားလာမှာပါ။ သူတို့က ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေဆဲအသင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာ အဲ့လိုဖြစ်အောင် ဖောရက်စ်က အားထုတ်မှာပါ။ သူတို့ ရမှတ် ၁ မှတ် ခွဲယူနိုင်မယ်လို့ ထင်ပါတယ်။” လို့ ဆက်တန်က သုံးသပ် ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ နော်တင်ဟမ် ဖောရက်စ် 1-1 အာဆင်နယ် ဖြစ်ပါတယ်။