၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ခန့်မှန်းချက်တွေက အခုလို ထွက်ရှိနေပြီ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် VS မန်စီးတီး
မန်စီးတီးက ကစားသမားတိုင်းကို အနားပေးရင်တောင် အသင်းကောင်းတစ်သင်း ထုတ်နိုင်တုန်းပါပဲ။ ဘရိုက်တန်နဲ့ပွဲမှာ ဒါကို တွေ့ပြီးပါပြီ။ ဟာလန်းက ဘရိုက်တန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ဂိုး ၆၀ ပြည့်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် မန်စီးတီးက ဖလားသုံးလုံး စိန်ခေါ်နေတာမို့လို့ ဟာလန်းရဲ့ စံချိန်က သူနဲ့ ပက်ဂွာဒီယိုလာရဲ့ နောက်ဆုံးမှ တွေးကြမယ့် ကိစ္စ ဖြစ်ပါလိမ့မယ်။ ဖလားဖိုင်နယ် ၂ပွဲကို ငဲ့ကြည့်စရာ ရှိနေတာကြောင့် ဒီပွဲမှာ လူစာရင်းကို အများကြီး အပြောင်းအလဲ လုပ်လာမှာဖြစ်ပြီး ၂-၂ လောက် ဖြစ်သွားမယ် ထင်ပါတယ်။
ဂွမ်ဒိုဂန်က မန်စီးတီးကနေ ထွက်ခွာတော့မှာဖြစ်လို့ နောက်ရာသီမှာ ကယ်ဗင်ဖီးလစ်က အခွင့်အရေး ရနိုင်ပေမယ့် သူ့ရဲ့ လုပ်နိုင်စွမ်းကို သက်သေပြရပါဦးမယ်။ သူက ငယ်ရွယ်သေးပြီး ဒီနှစ် ဖလားသုံးလုံး ရသွားနိုင်ပါတယ်။ ဒါဆို ဘယ်အသင်းကိုများ ပြောင်းချင်ပါဦးမလဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖို့ဒ် 2-2 မန်စီးတီး
ချယ်ဆီး VS နယူးကာဆယ်
ချယ်ဆီးအတွက် စိတ်ပျက်စရာ ရာသီဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာ ယူနိုက်တက်ကိုလည်း ရှုံးခဲ့တာကြာင့် ဒီပွဲဟာ သူတို့တွေ တုံ့ပြန်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပါ။
ပြိုင်ပွဲစုံ ပွဲတွေအများကြီး ကြည့်ပြီးတာတောင် ချယ်ဆီးရဲ့ အကောင်းဆုံး ပွဲထွက်လူစာရင်းကို ပြောလို့ မတတ်သေးပါဘူး။ သူတို့မှာ ကစားသမားတွေ များလွန်းနေတယ်။ ပိုချက်တီနို ရောက်လာရင် လူစာရင်းကို ရှင်းထုတ်ရမှာပါ။ ကစားသမား ၃၀ ကျော်ကို သူအုပ်ချုပ်ချင်မှာ မဟုတ်ပါဘူး။
အက်ဒီဟောင်းရဲ့အသင်းဟာ ချန်ပီယံလိဂ် ပြန်ကစားခွင့် ရလိုက်တဲ့နောက် ယုံကြည်မှုနဲ့ အမြင့်ပျံသန်းနေတာကြောင့် ဒီပွဲဟာ နယူးကာဆယ်ရဲ့ ခြေအပေါ် အများကြီး မူတည်ပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-2 နယူးကာဆယ်
အာဆင်နယ် VS ဝုဗ်
အာဆင်နယ်ဟာ ဒီပွဲကို အနိုင်ယူပြီး ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ပို့ဖို့ လိုအပ်ပါတယ်။ ဝုဗ်ကို သူတို့ အနိုင်ယူရမှာပါ။ အေးအေးဆေးဆေးနဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။ ၃-၀ လောက်ပေါ့။
အာတီတာရဲ့အသင်းဟာ ဒီရာသီမှာ မျှော်လင့်ချက်တွေကို ကျော်လွန်ခဲ့ပြီးတော့ ထူးချွန်စွာ စွမ်းဆောင်ခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေက တရာသီလုံး ခြိမ့်ခြိမ့်သဲ အားပေးခဲ့ကြပါတယ်။ နှစ်တွေအများကြီး ကြာပြီးမှ ဖလားစိန်ခေါ်မှုတစ်ခုကို သူတို့ကြုံတွေ့ခဲ့ရတယ်။
နောက်ရာသီမှာ လီဗာပူး၊ ချယ်ဆီးတို့ ပြန်လာမှာဖြစ်ပြီး ယူနိုက်တက်၊ ဘရိုက်တန်၊ နယူးကာဆယ်နဲ့ စပါးတို့လည်း ပါဝင်လာမှာဖြစ်လို့ တိုက်ပွဲက ပိုလို့တောင် ပြင်းထန်မှာ သေချာပါတယ်။ အာဆင်နယ်ဟာ သိပ်တော်တဲ့ လူငယ်အဖွဲ့ရှိပြီး ရိုက်စ်၊ ဗဟိုတိုက်စစ်မှူး တစ်ယောက်နဲ့ နောက်ထပ် ခေါ်ယူမှုအနည်းငယ် လုပ်နိုင်ရင် ဆုဖလားတွေကို ထပ်စိန်ခေါ်နိုင်ပါတယ်။
ဒါပေမယ့် ဒီနွေမှာ လူကောင်းကောင်းမဝယ်နိုင်ရင် ထိပ်ဆုံးလေးသင်းလောက်ပဲ အမြင့်ဆုံး မှန်းနိုင်မှာပါ။ ပက်ဂွာဒီယိုလာ ရှိနေသရွေ့ စီးတီးလက်ထဲက ဖလားလုဖို့ဆိုတာ မဖြစ်နိုင်သလာက်ပါပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဝုဗ်
ဆောက်သမ်တန် VS လီဗာပူး
လီဗာပူးဟာ ဆောက်သမ်တန်ကို ဖျက်ဆီးပြီးတော့ ရာသီကို ကောင်းကောင်းအဆုံးသတ်ပါလိမ့်မယ်။ ၄-၀ လောက် ဖြစ်မှာပါ။ ဆာလာက ဂိုးတွေသွင်းရတာ ကြိုက်တယ်။ ဖာမင်နို၊ မီနာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ ထွက်ခွာတော့မယ့် လီဗာပူအသင်းမှာ သူက အဓိကကျတဲ့သူ ဖြစ်နေဦးမှာပါ။
ဆာလာနဲ့ မာနေးက ဂိုးတွေအများကြီး သွင်းခဲ့ကြတာဆိုပေမယ့် ဖာမင်နိုက အားလုံးကို ပုံဖော်ပေးခဲ့သူ ဖြစ်ပါတယ်။ သူမပါခဲ့ရင် လီဗာပူးက အဲ့လောက် ကောင်းခဲ့မှာတောင် မဟုတ်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 0-4 လီဗာပူး
မန်ယူနိုက်တက် VS ဖူလ်ဟမ်
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်လို့ ဒီပွဲက သိပ်အရေးမပါလောက်ပါဘူး။ ဒီပွဲမှာ အဲရစ်တန်ဟက်အနေနဲ့ အဓိက ကစားသမားတချို့ကို အနားပေးလာနိုင်တာကြောင့် မာကိုဆေးဗားရဲ့အသင်းအတွက် အားသာချက် ရနိုင်ပါတယ်။
ဖူလ်ဟမ်က ဒီရာသီမှာ အံ့ဩအောင် လုပ်ပြခဲ့တယ်။ သူတို့မှာ ယူနိုက်တက် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေရှိတယ်။ ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ နာမည်ကျော် နိုင်ပွဲတစ်ခု ရသွားပြီးတော့ ဒီရာသီကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်သွားနိုင်မယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 1-2 ဖူလ်ဟမ်
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
- Leeds 2-2 Spurs
- Aston Villa 2-0 Brighton
- Everton 2-0 Bournemouth
- Leicester 3-1 West Ham
- Crystal Palace 3-1 Nottingham Forest