ဒေါ့မွန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ၂၀၂၉ ထိ ရှိစေမယ့် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ သူတို့ ကြယ်ပွင့် တိုက်စစ်မှုး ကိန်း ကို မန်ယူအသင်းထံ မရောင်းချလိုတာကြောင့် ရီးရဲလ်မက်ဒရစ် အား ကိန်းကို ခေါ်ယူဖို့ ချဉ်းကပ်မေးမြန်းနေပါတယ်။ စပါးက ကိန်းကို ရီးရဲလ်ထံ ရောင်းရင် အီဒင် ဟာဇက် ကိုပါ အပြောင်းအရွှေ့ထဲ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူငယ် ကာဗယ်ရို ကို နောက်ရာသီမှာ အငှားစေလွှတ်ဖွယ် ရှိကြောင်း ယာဂင် ကလော့ပ်က ထုတ်ဖော် ပြောဆိုလာပါတယ်။

တိုက်စစ်မှူး ရက်ဖိုဒ့်ကော ဂိုးသမား ဒီဂီယာပါ ယူနိုက်တက်မှာ ဆက်နေကြမယ်လို့ နည်းပြတန်ဟက်က ယုံကြည်ချက် ရှိနေပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ရေးအတွက် မီးစိမ်းပြဖွယ်ရှိပြီး နာမည်ကြီး နွေအပြောင်းအရွှေ့ တစ်ခုဖြစ်လာဖို့ အခြေအနေ ကောင်းလာနေပါပြီ။

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ရှာကာ နေရာ အစားထိုးဖို့အတွက် ဖီယင်နုအသင်းမှ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ကိုကီဆီယူကို စိတ်ဝင်စားနေပါတယ်။

ကွင်းလယ်ပိုင်း ကြီးကြီးမားမား ပြင်ဆင်ဖို့ ရည်ရွယ်ထားတဲ့ လီဗာပူးအသင်းဟာ သူတို့ရဲ့ လက်မှတ်ထိုးမှုတွေကို မျှော်လင့်ထားသလို ခပ်စောစော ပြုလုပ်နိုင်မှာ မဟုတ်ဘဲ အချိန်စောင့်ရဖွယ် ရှိနေပါတယ်။

စပို့တင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူရေးမှာ ပီအက်စ်ဂျီအသင်းနဲ့ ပြိုင်ဆိုင်ဖို့ ချယ်ဆီးအသင်းလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် စာချုပ်ပါကြေး ယူရို သန်း ၆၀ ပေးရမှာပါ။

ချယ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ အန်တိုနီရဲ့ အခြေအနေက ပြင်းထန်ပုံ ရကြောင်း နည်းပြ တန်ဟက်က ဝန်ခံသွားပြီး အန်တိုနီဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ပါဝင်ဖို့ မရေရာဘူး ဖြစ်နေပါတယ်။

စပါးအသင်း ခေါ်ယူလိုနေတဲ့ ဖီယင်နု နည်းပြစလော့ဟာ နယ်သာလန်ကလပ်မှာ ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ် လက်မှတ်ထိုးလိုက်ပြီး ယူရို ၅ သန်းဖြင့် ထွက်ခွာခွင့် အချက် ပါဝင်ခဲ့ပါတယ်။