ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကတော့ ဒီနေ့ညမှာ ဖီအိုရင်တီးနားနဲ့ ဝက်စ်ဟမ်း အသင်းတို့ ထိပ်တိုက်တွေ့ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ပွဲကတော့ မှန်းရခက်တဲ့ ပွဲပါ။ ပြိုင်ပွဲ ကျင်းပမယ့် ကွင်းကလည်း လုံးဝ စိတ်ပျက်စရာပဲ။ အဲဒီကွင်းမှာ လူ ၂ သောင်းပဲ ဆံ့တယ်။ ပြိုင်ပွဲကောင်း တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပြီး ဖိုင်နယ်ပွဲကိုကျ ဘယ်မှာ သွား လုပ်ကြတာတဲ့လဲ။ ? ဒီကလပ် နှစ်သင်းလုံးက များပြားတဲ့ ပရိသတ်ထု ရှိပါတယ်။
ဒီပွဲမှာ ဂိုး အရင် သွင်းနိုင်တဲ့ အသင်းက နိုင်မယ် လို့ ကျနော် ထင်တယ်။ ဖီအိုရင်တီးနားက ပြီးခဲ့တဲ့ အပတ်က ရိုးမားကို အနိုင်ယူခဲ့တယ်။ သူတို့က အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာ ရှိနေတယ်။ သူတို့က အသင်းကောင်း ဖြစ်ပေမယ့် လုံလောက်တဲ့ထိ မကောင်းခဲ့ဘူး။ လူကာ ဂျိုဗစ် ကလည်း ဒီရာသီ အကောင်းဆုံး တိုက်စစ်မှုး ပုံစံ မပြသေးဘူး။ ဒါပေမယ့် သူက စောင့်ကြည့်စရာ အနေအထား ရှိပါတယ်။
အမ်ရာဘတ်ကလည်း ဖီအိုရင်တီးနားမှာ သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက ကြံ့ခိုင်မှု ပြသနာ ရှိနေတယ်။ ဗိုလ်လုပွဲကို အသင့် မဖြစ်ဘဲ သွား ကစားမှာ တွေးရုံနဲ့ စိတ်ပျက်စရာပါ။ နှစ်သင်းလုံးက ခံစစ် လေးယောက်တန်း ကစားတဲ့ အသင်းတွေ ဖြစ်လို့ အကြိတ်အနယ် ရှိပြီး စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။
အန်တိုနီယို သာ ပွဲထဲ ပါလာရင် ဖီအိုရင်တီးနား ခံနိုင်မယ် မထင်ဘူး။ သူ့ရဲ့ နေရာယူမှုနဲ့ အားကောင်းမှုတွေကို စီးရီးအေမှာ သိပ် ယှဉ်နိုင်မယ့် သူ မရှိဘူး။ သူ သာ တကယ် အားထုတ်ရင် တကယ် သက်ရောက်မှု ရှိတယ် ဆိုတာ ဒီရာသီ မြင်ခဲ့ပြီးပါပြီ။
ဝက်စ်ဟမ်းမှာ အတော် ကောင်းတဲ့ ကစားသမားတွေ ရှိပြီး သေချာ ကစားနိုင်ဖို့ပဲ လိုတာပါ။ ဒီကလန် ရိုက်စ်ဆိုလည်း ဒီရာသီ အတော် ကောင်းကောင်း ကစားထားတယ်။ ဒါက အသင်းနှစ်သင်းကြား ကွာခြားမှု ဖြစ ်သွားနိုင်တယ်။
အဆုံးမှာတော့ ဆုဖလား ရဖို့ပဲ။ ဝက်စ်ဟမ်းသာ နိုင်သွားရင် ကာလ အကြာကြီး အတွက် အကောင်းဆုံး ရာသီ ဖြစ်လာမှာပါ။
ပွဲကြီးပွဲကောင်း ဖြစ်လို့ နှစ်သင်းလုံးကတော့ စိတ်လှုပ်ရှားနေလောက်ပါပြီ။ ကိုယ် တခါမှ မရင်ဆိုင်ဖူးတဲ့ ကစားသမားတွေ အသင်းတွေကို ရင်ဆိုင်ကြရမှာ ဖြစ်နေတယ်။ မျက်စိတမှိတ်အတွင်း ကျရှုံး ကျန်ခဲ့တာလည်း ဖြစ်သွားနိုင်တယ်။
နှစ်သင်းလုံးသာ အကောင်းဆုံး ခြေစွမ်း ထုတ် ကစားနိုင်တယ် ဆိုရင် ဝက်စ်ဟမ်းက အသာရမယ် လို့ ကျနော်ကတော့ ထင်တယ်။ ဒါကြောင့် သူတို့ ဒီပွဲနိုင်မယ့်ဘက်ကနေ ကျနော် ရပ်တည်ချင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ကြီးရဲ့ ခန့်မှန်းရလဒ်ကတော့ ဖီအိုရင်တီးနား ၁-၂ ဝက်စ်ဟမ်း ယူနိုက်တက် ဖြစ်ပါတယ်။