ဘိုင်ယန်မှာ အငှား ကစားနေတဲ့ စီးတီး နောက်ခံလူ ကန်ဆယ်လို ကို ခေါ်ယူရေး အာဆင်နယ်ဘက်က စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ မန်စီးတီးဘက်က ဘာလိုချင်သလဲနဲ့ အာဆင်နယ်ဘက်က ဘယ်လောက် ပေးနိုင်မလဲလို အစောပိုင်း ကိစ္စတွေ ညိနှိုင်းကြဖွယ် ရှိပါတယ်။
အာဆင်နယ် ဟာ တိုက်စစ်သမား နယ်ဆန်ရဲ့ စာချုပ်သစ်အတွက် နောက်ဆုံး အချက်အလက်တွေကို ဖြေရှင်းခဲ့ပြီ ဖြစ်ကာ ၄ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရထားခဲ့ပါပြီ။
ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူရေးမှာ အာဆင်နယ်ဘက်က ပါဝင်နေဆဲ ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး ပိုပေးမယ့် ချယ်ဆီးအသင်းက အသာရနေတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီးတို့နဲ့ သတင်းထွက်နေတဲ့ တိုက်စစ်သမား အိုဆင်ဟမ်ကို လက်လွတ်ရရင် အာဆင်နယ် တိုက်စစ်သမား ဘာလိုဂန်ဖြင့် အစားထိုးဖို့ နာပိုလီဘက်က ပြင်ဆင်နေပါတယ်။
ဇန်နဝါရီတုန်းက ဗယ်လာဒိုးလစ် အစွန်လူ ဖရတ်စနယ်ဒါကို ခေါ်ယူလိုရင် ပေါင် ၃၅ သန်းကို ဘယ်လိုမှ ဈေးချပေးမှာ မဟုတ်ပေမယ့် အခုချိန်မှာတော့ ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ပါပြီ။
အာဆင်နယ်အသင်းမှာ တန်ကြေးအကြီးဆုံး ကစားသမားက ဆာကာဖြစ်ပြီး ယူရို ၁၉၅ သန်း တန်ကြေးရှိကာ ဒုတိယနေရာမှာတော့ ယူရို ၁၅၂ သန်းနဲ့ မာတင်နယ်လီ ရှိနေပါတယ်။
ဒီရာသီမှာ ဘမ်ဝှိုက်ဟာ ဗဟိုခံစစ်ကနေ ညာအစွန်ကို ပြောင်းကစားခဲ့ပေမယ့် သူ့ကို ရေရှည်မှာ အစွန်လူအဖြစ် ဆက်သုံးမလား နည်းပြအာတီတာက သေချာ မဆုံးဖြတ်ရသေးပါဘူး။
အာဆင်နယ် ခံစစ်မှူး ဆာလီဘာရဲ့ စာချုပ်သစ် ကိစ္စဟာ အဆင်ပြေပြေ ဆက်လက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။