ပြင်သစ်သတင်းဌာန RMC Sport အဆိုအရ ပီအက်စ်ဂျီ အသင်း အားကစား ဒါရိုက်တာ လူးဝစ်ကမ့်ပို့စ်ဟာ အာဆင်နယ် နည်းပြ အာတီတာထံ ဆက်သွယ်ပြီး သူတို့ရဲ့ လစ်လပ်နေတဲ့ အသင်း နည်းပြ ရာထူးအတွက် ဆွေးဆွေးခဲ့ကြောင်း သိရပါတယ်။

လီဂူးဝမ်း အင်အားကြီးကလပ်ဟာ ရာသီကုန်မှာ နည်းပြ ဂလယ်တီယာ ကို ထွက်ခွာခွင့် ပြုခဲ့ပြီးနောက် လက်ရှိ မှာ နည်းပြ ရာထူးလစ်လပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြသစ်ကောင်း ရှာဖွေနေပြီး အာဆင်နယ်နဲ့ အတူ ရှိတဲ့သူတွေနဲ့ မန်စီးတီးအား ယှဉ်ဖိုက်ပြီး ပရီးမီးယားလိဂ် ရလုနီးပါး စွမ်းဆောင်ထားတဲ့ နည်းပြ အာတီတာ ကို ပီအက်စ်ဂျီက မျက်စိကျလာခဲ့တာပါ။

ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ ကမ့်ပို့စ် က အာတီတာ အား ဆက်သွယ်ခဲ့ပေမယ့် စပိန်သား နည်းပြကတော့ အာဆင်နယ် အသင်းမှာပဲ ပျော်ရွှင်နေကာ ပီအက်စ်ဂျီလို အသင်းကြီးထံ ခုနေ သွားဖို့ စိတ်မဝင်စားဘဲ ရှိနေပါတယ်။

အာတီတာ ပီအက်စ်ဂျီ အသင်းထံ သွားနိုင်ခြေဟာ ဇီးရိုးသာ ရှိတယ်လို့ လန်ဒန် သတင်းတွေကတော့ ယုံကြည်မှု ရှိရှိ ဖော်ပြနေပါတယ်။

နည်းပြ အာတီတာဟာ လက်ရှိမှာ အာဆင်နယ် အသင်းအတွက် ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်နိုင်ဖို့ နွေ အပြောင်းအရွှေ့ ဈေးကွက်ကိုပဲ အာရုံစိုက် လှုပ်ရှားနေပါတယ်။

ဒီတလောမှာ အာဆင်နယ်က ဒီကလန်ရိုက်စ်၊ ကိုင်ဟာဗက်ဇ် တို့ အား ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှု ၂ ခုလုံး ချက်ချင်း ပယ်ချခံထားရပါတယ်။