မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အိုနာနာကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှု စတင်လိုက်ပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။

ဒီလကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် ဒီဂီယာကို သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးခြင်းနဲ့အတူ ယူနိုက်တက် တာဝန်ရှိသူတွေဟာ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ဖို့ အိုနာနာကို အလိုရှိလာတာ ဖြစ်ပါတယ်။

ဒီဂီယာဟာ မန်ချက်စတာမှာ ဆက်နေမလား ကိစ္စကို စဉ်းစားနေဆဲဖြစ်ပြီး ကလပ်ကော ကစားသမားကပါ ဆွေးနွေးမှုတွေမှာ ပါဝင်နေသည့်တိုင် စာချုပ်သစ်ကိစ္စ အဖြေမရှာနိုင် ဖြစ်နေပါတယ်။ ယူနိုက်တက်ဘက်က အခြေအနေကို အေးအေးဆေးဆေး ရှိနေရာက အိုနာနာကို စတင် ချိတ်ဆက်လာတာပါ။

အေဂျက်အသင်းမှာ နည်းပြတန်ဟက်နဲ့ အိုနာနာတို့ အတူ အလုပ်တွဲလုပ်ခဲ့ကြသေးပြီး နယ်သာလန်သား နည်းပြက ဂိုးသမားဖြစ်သူရဲ့ ဘောလုံးပေးနိုင်စွမ်းနဲ့ ဘောလုံးဖြန့်ဝေမှုတွေမှာ ယုံကြည်မှု အားကောင်းခြင်းကို အထင်ကြီးမှု ရှိထားပါတယ်။

နည်းပြတန်ဟက်က ခံစစ်ကနေ ဘောလုံးဖြန့်ဝေပေးနိုင်တဲ့ အိုနာနာလို ဂိုးသမားကို သူ့စနစ်မှာ ရုန်းကန်နေရတဲ့ ဒီဂီယာထက် ပိုပြီး သဘောကျပါတယ်။ မနှစ်ကမှ အင်တာမီလန်ကို ရောက်ရှိပြီး ၂၀၂၇ ခုနှစ်ထိ စာချုပ်ချုပ်ထားတဲ့ ဂိုးသမားအတွက် ယူနိုက်တက်ဘက်က ယူရို သန်း ၇၀ လောက်ထိ ပေးရဖွယ် ရှိပါတယ်။