မန်စီးတီး အသင်းဟာ ဘိုင်ယန်မြူးနစ် ညာအစွန်လူ ပါဗက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဝေါ်ကာ ပြောင်းမှာဖြစ်တာကြောင့် ကစားသမား နှစ်ဦး အလဲအထပ် ဖြစ်လာနိုင်ပါတယ်။
စပါး ဥက္ကဋ္ဌ လီဗိုင်းဟာ ဟယ်ရီကိန်း အပြောင်းအရွှေ့အတွက် ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ်ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ရလိုနေတဲ့ ဘာလိုဂန်ဟာ အခုချိန်ထိတော့ အသင်းမှာ ဆက်ရှိနေမယ့် အလားအလာပဲ ရှိနေပါကြောင်း အာတီတာက ထုတ်ပြောလာပါတယ်။
ဆော်ဒီကလပ်ဘက်က လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး အများကြီး မပေးလိုသလို အန်ဖီးဘက်က တောင်းဆိုတဲ့ ပေါင် သန်း ၂၀ ဟာ သူတို့ မျှော်လင့်ထားတဲ့ ပမာဏမျိုး မဟုတ်ပါဘူး။
ကိုင်ဆီဒိုကို ခေါ်ယူဖို့ ချယ်ဆီးအသင်းက အသာရနေပေမယ့်လို့ ကွင်းလယ်လူတွေ လက်လွတ်ရမယ့် လီဗာပူးလည်း ကြားဝင်လာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လေဗာကူဆင် ကွင်းလယ်လူ မိုဆာ ဒီယာဘီကို ခေါ်ယူနိုင်ရေး ကလပ်စံချိန်တင် ကမ်းလှမ်းမှုအဖြစ် ယူရို သန်း ၅၀ ဖြင့် ချိတ်ဆက်ရဖွယ် ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်ကို ရောင်းချမှု မပြီးမချင်း လူသစ် ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။
ဘက်ဆစ်တက်အသင်းက ခံစစ်မှူး ဟိုးဒင်းကို ယူရို ၂.၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး အာဆင်နယ်ဘက်က ပယ်ချလိုက်ပါတယ်။ အာဆင်နယ်ကတော့ အဲ့ထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး အလိုရှိနေပါတယ်။
တူရကီကလပ် ဂါလာတာစရေး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရတ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှု စတင်ထားပါပြီ။ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ကလည်း ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တာဟစ်ချောင်ဟာ ဘာမင်ဂမ် အသင်းကနေ လူတန်တောင် အသင်းထံ ပေါင် ၄ သန်းဖြင့် ပြောင်းရွှေ့မှာဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်က ကလပ် အကယ်ဒမီရဲ့ ကြယ်ပွင့်ဟောင်း အပြောင်းအရွှေ့ကနေ ပေါင် ၁ သန်း အကျိုးခံစားခွင့် ရရှိပါမယ်။