ဝါရင့် သုံးသပ်သူကြီး ဂရေမီ ဆောင်းနက်က လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ သုံးသပ်မှု ပြုလုပ်သွားပါတယ်။

ဒီနှစ်တွေမှာ မန်စီးတီးက အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးလာနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အမှတ်ပေးဖလား ၅ ကြိမ် အထိ မန်စီးတီးကပဲ အနိုင်ရခဲ့ပြီး လီဗာပူး တစ်သင်းတည်းကပဲ မန်စီးတီးရဲ့ အောင်မြင်မှုကို ရပ်တန့်နိုင်ခဲ့ဖူးတာပါ။ ဒါပေမယ့် လာမယ့်ရာသီ အဲ့လို ဖြစ်လာမယ်လို့ ဆောင်းနက်က မမြင်ပါဘူး။

” ပရီးမီးယားလိဂ်ကို တစ်သင်းတည်းက လွှမ်းမိုးထားတာမျိုး ဖြစ်လာမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် လာမယ့် ရာသီမှာ မန်စီးတီးကပဲ ထပ်ပြီး ချန်ပီယံဖြစ်လာမယ်လို့ ထင်ပါတယ်။ သူတို့က အတောင့်တင်းဆုံး အသင်းပါ။ ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ် ” လို့ ဆောင်းနက်က ပြောခဲ့ပါတယ်။

မန်စီးတီးကို အဓိက စိန်ခေါ်မယ့် အသင်းနဲ့ ပတ်သက်လို့ ” ဂွာဒီယိုလာက သိပ်ကို အတွေ့အကြုံကြီးပြီး အောင်မြင်သူတစ်ဦး ဖြစ်တယ်။ ဒီနှစ် သူတို့ကို ယှဉ်ပြိုင်နိုင်မှာက အာဆင်နယ်ပဲ ဖြစ်လာမယ် ထင်ပါတယ်။

အာဆင်နယ်အသင်းက အတွေ့အကြုံ ပိုကောင်းခဲ့ရင်၊ ခက်ခဲတဲ့ အခြေအနေကို ကျော်ဖြတ်ဖို့ ယုံကြည်ချက်လေး ပိုရှိခဲ့ရင် ပရီးမီးယားလိဂ်ကို အနိုင်ရခဲ့မှာပါ။ မနှစ်က အာဆင်နယ်မှာ ဆုဖလား အောင်မြင်မှုတွေ ဆက်တိုက် ရဖူးတဲ့ ကစားသမားတွေ မရှိခဲ့ပါဘူး။

အာဆင်နယ်က ပရီးမီးယားလိဂ်ကို ထပ်ပြီး စိန်ခေါ်လိမ့်မယ်။ စိတ်ဝင်စားစရာ မနှစ်ကရာသီ အတွေ့အကြုံက သူတို့ကို ထိခိုက်မှု ရှိနေစေမှာလားပါပဲ။ ဒီကလန်ရိုက်စ်ကို ခေါ်ယူတာက သူတို့ကို တိုးတက်စေမှာပါ။ သူတို့ ဘယ်လောက် တိုးတက်မလဲ မသိရသေးပေမယ့် စီးတီးက လိုက်ဖမ်းရ ခက်ခဲနေဆဲပါ ” လို့ သုံးသပ်သွားပါတယ်။