ချယ်ဆီးအသင်းဟာ မနေ့က တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ သူ့ တိုက်စစ်သမားတွေ ဂိုးသွင်းနိုင်တာက အရေးကြီးပြီး ဒီကနေ ယုံကြည်မှုတွေ ရလာမယ် လို့ ယုံကြည်နေပါတယ်။

ပိုချက်တီ က တိုက်စစ်သမားတွေ ဖြစ်တဲ့ နီကိုလပ်စ် ဂျက်ဆန်၊ အန်ကွန်ကူနဲ့ မူဒရစ် တို့ကို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ ထို ၃ ယောက်လုံး ဂိုးသွင်းနိုင်ခဲ့ကာ ဂျက်ဆန် ဆိုရင် ဂိုးထောက်ပံ့မှု ၂ ကြိမ်ပါ ပြုလုပ်ပြီး ပွဲ အကောင်းဆုံး ကစားသမား ဆု လည်း ရရှိခဲ့ပါတယ်။

တစ်ဂိုးမှာ ဆိုရင် မူဒရစ်နဲ့ ဂျက်ဆန်တို့ နှစ်ဦး အတူ ကြိုးစားခဲ့တာ ဖြစ်ပြီ မူဒရစ်ရဲ့ မြေမကျကန်ချက်က ဂိုးထဲ လှလှပပ ဝင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ပိုချက်တီနိုက ” ဂျက်ဆန်နဲ့ မူဒရစ် တို့ အတွက် ဆိုရင် ဂိုးသွင်းတာက သိပ်ကို အရေးကြီးပါတယ်၊ အန်ကွန်ကူရောပဲ။ တိုက်စစ်သမားတွေဟာ သူတို့ ယုံကြည်မှုတွေ ပြန်ရလာဖို့ သွင်းဂိုးတွေ ရမှ ဖြစ်မှာပါ။

ဒီလို ဂိုးတွေ သွင်းနိုင်တာက သိပ်ကို အရေးပါပြီး ဒီကနေ တိုးတက်အောင်လည်း ကျနေ်ာတို့ ကြိုးစားသွားပါဦးမယ်။

ဒီနေ့ပွဲမှာ ဆိုရင် အခုထက် ပိုပြီး တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့သင့်တာတွေ ရှိကောင်း ရှိသလို အခွင့်အရေးတွေ ပို ဖန်တီး၊ ဂိုးတွေ ပိုသွင်းနိုင်မှာတွေလည်း ရှိပါလိမ့်မယ်။ ဒီနေရာတွေ အတွက် ပို ကြိုးစား ပြင်ဆင်သွားမယ်၊ အာရုံစိုက် အလုပ်လုပ်သွားပါမယ်။

ယုံကြည်မှုတွေ ရဖို့က အချိန် အတိုင်းအတာ တစ်ခုတော့ လိုပါတယ်။ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို ယုံကြည်ပြီး သွားကြမယ် ဆိုရင် အကောင်းဆုံး အနေအထားကို ရလာမှာပါ။ ” လို့ အကောင်းမြင်စကား ဆိုရင်း သုံးသပ်သွားခဲ့ပါတယ်။