စီ ရော်နယ်ဒို ဟာ ဘောလုံးထက် ငွေကြေးကို ဦးစားပေးလို့သာ ဆော်ဒီဘက်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ယူနိုက်တက်မှာ အငှား ကစားသွားတဲ့ တိုက်စစ်မှုးဟောင်း အီဂါလိုက စွပ်စွဲလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွဲရား အတွက် ဝက်စ်ဟမ်း အသင်းက ပေါင် သန်း ၂ဝ နဲ့ ကမ်းလှမ်းလာတာ ကို ငြင်းဆန် ပယ်ချလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေး အတွက်လည်း နှုတ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးပြီး ပြောင်းရွှေ့ကြေး က ယူနိုက်တက် သတ်မှတ်ထားတဲ့ ပေါင် ၄၅ သန်း မဟုတ်တာကြောင့် မန်ချက်စတာ ကလပ်က ငြင်းဆန်ခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူဖရတ်ကို ခေါ်ယူနိုင်ဖို့အတွက် စကားပြောနေဆဲဖြစ်ကာ လာမယ့် ရက်ပိုင်းအတွင်း အဖြေရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။
ရီးရဲလ်ဆိုစီဒက်စ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ရေး အားထုတ်လာနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က အမရာဘတ်ကို အရင်ခေါ်ယူပြီးမှ နယ်သာလန်သားကို လက်လွတ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ်ကို အသင်းမှာ ပြန်သုံးဖို့ ကလပ်ရဲ့ အဓိက စပွန်ဆာ Adidas နဲ့ ဆွေးနွေးခဲ့ပြီး အကောင်းမြင်စရာ ရလဒ် ထွက်ပေါ်ခဲ့တယ် လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး မိုင်နူးက ပိုပြီး ကောင်းတဲ့ ပုံစံနဲ့ မကြာခင် ပြန်လာမယ်လို့ အင်စတာ ဂရမ်ကနေ အသိပေးခဲ့ပါတယ်။