ပြီးခဲ့တဲ့ ဘာစီလိုနာကို ၅-၃ နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲ ပွဲအပြီးမှာ စကိုင်းစပေါ့ သတင်းထောက်က အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဖလား အနိုင်ရဖို့ဆိုရင် ဟယ်ရီကိန်းကို လို တစ်ရာသီ သွင်းဂိုးများများ သွင်းယူနိုင်တဲ့ အထောင် တိုက်စစ်မှူး ရှိဖို့ လိုအပ်မလားလို့ မေးမြန်း ခံခဲ့ရတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ သူ့ အသင်း မှာ ဟယ်ရီကိန်းလို တိုက်စစ်မှူး ရှိနေဖို့ မလိုဘူးလို့ အခုလို တုန့်ပြန်ခဲ့ပါတယ်။
” ကျနော်တို့ အသင်းမှာ တစ်ရာသီကို သွင်းဂိုး ၂၅၊ ၃၀၊ ၄၀ လောက် သွင်းနိုင်မယ့် တိုက်စစ်မှူးတော့ မရှိပါဘူး။ ရှိခဲ့ရင် ပိုကောင်းပါမယ်။ ဘာစီလိုနာကို ရင်ဆိုင်တဲ့ပွဲမှာ ဂျေးဆုက ဂိုးမသွင်းနိုင်ခဲ့ဘူး ဒါပေမယ့် ဒီလတွေ အတွင်း မြင်ဖူးသမျှထဲ အကောင်းဆုံး ဂျေးဆုရဲ့ ခြေစွမ်းကို မြင်ခဲ့ရပါဘူး။
ကိုင်ဟာဗက်ထံက အသင်းအတွက် ကူညီပေးမှုကလည်း သိပ်ကောင်းပါတယ်။ ဒါကြောင့်ပဲ သူ ကစားခွင့်ရနေတာပါ။ သူက ထရော့ဇတ်နဲ့ ဝင်လိုက် ထွက်လိုက် တွဲဘက်ကစားနိုင်ပါတယ်။
တိုက်စစ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ သူတို့ကြား ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နေကြတာက ကျနော်ကို ရွေးချယ်ရ ခက်ခဲစေပါတယ် ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မနှစ်တုန်းက ဂျေးဆုကို ဒဏ်ရာကြောင့် လက်လွှတ်ရမှုကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာတော့ ခြေချော်မှုတွေ ရှိလာခဲ့ပြီး အမှတ်ပေးဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။