ဒီတပတ် ကစားကြတော့မယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ် ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။

Burnley v Man City

ဒီဘရိုင်း မပါနိုင်ရင် မန်စီးတီးက မတူညီတဲ့ အသင်း ဖြစ်သွားသလိုပါပဲ။ အာဆင်နယ် ပွဲမှာ မန်စီးတီး ကစားတာ ကျနော် ကြည့်ခဲ့ရတယ်။ သူတို့ အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ဘူး၊ အာဆင်နယ် ခံစစ် ကောင်းခဲ့တာလည်း ပါတာပေါ့။ ဘန်လေရဲ့ ခံစစ်လည်း အထင်ကြီးစရာ လုပ်ပြနိုင်ဖို့ ကျနော် မျှော်လင့်ထားတယ်။

ဒီနှစ် title race ကတော့ ဘယ်လို ဖြစ်မယ့် ကံသေကံမ ပြောလို့ မရတော့ပါဘူး။ မန်စီးတီး အနေနဲ့ သူတို့ ချန်ပီယံဘွဲ့ ကို ကာကွယ်ဖို့ အတော် ခက်ပါလိမ့်မယ်။ ဒီပွဲကလည်း စီးတီး အတွက် ခက်ခဲမှာပါ။ ဒါပေမယ့် ဒီအပတ်တော့ ဘန်လေကို သူတို့ ကျော်ဖြတ်နိုင်သင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘန်လေ ဝ-၂ မန်စီးတီး

Arsenal v Nottingham Forest

အာဆင်နယ်က ကိုင်ဟာဗက်၊ ဆာကာ၊ မာတင်နယ်လီတို့ တိုက်စစ် ၃ ယောက် အတွဲနဲ့ ဒီအပတ် ပွဲထွက်လာမယ် လို့ ထင်ပါတယ်။ သူတို့မှာ ထရော့ဆက်ကလည်း ရှိတယ်။ ပွဲတွေမှာ သူတို့ကို ပေါင်းစပ် အသုံးချသွားရမှာပါပဲ။

နော့တင်ဟမ် ဖောရက်စ်က ခံစစ်ကို အတော် ပိတ် ကစားတာပါ။ ဒီပွဲက အာဆင်နယ် အတွက် ကောင်းမွန်တဲ့ အစပါ။ ဖောရက်စ်ရဲ့ ပြီးခဲ့တဲ့ရာသီ အဝေးကွင်း ပုံစံကလည်း ပျင်းစရာ ကောင်းနေတယ်။ ဒီတပတ်ကတော့ အာဆင်နယ် အနိုင်ကလွဲပြီး တခြား မမြင်ဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၀ ဖောရက်စ်

Chelsea v Liverpool

ဒီပွဲကိုသာ ချယ်ဆီး ရှုံးမယ် ဆိုရင် ပြီးခဲ့တဲ့ရာသီကထက် ဘာမှ ပို ထူးမလာဘူး ပြောရမှာပဲ။ သူတို့ရဲ့ အကြီးမားဆုံး စိုးရိမ်စရာကတော့ ကွင်းလယ်ပါ။ ကစာသမားတွေက အတွေ့ အကြုံ သိပ်မရှိဘူး ဖြစ်နေတာပါ။ သူတို့ နောက်ထပ် ဆိုးဝါးတဲ့ ရာသီ ထပ်ကြုံလို့တော့ မဖြစ်ပါဘူး။

လီဗာပူးဘက်မှာလည်း ကွင်းလယ်ပိုင်း ပြသနာတွေ ရှိပါတယ်။ ကလော့ပ် ကိုယ်တိုင်ရော သူ့ ကွင်းလယ် အတွဲအစပ် ကို သိပြီလား ကျနော် မသေချာဘူး။ လီဗာပူး ကွင်းလယ်မှာက လုပ်အားကောင်းသူတွေ မရှိတော့ဘူး၊ သူတို့မှာ ဘောလုံး ရအောင် ပြန်ဆယ်မယ့် သူတွေ လိုတယ်။ ဘောလုံး မပါဘဲ ကစားတာ ပိုကောင်းဖို့လည်း လိုပါတယ်။

ဒီပွဲက နှစ်သင်းစလုံး အတွက်တော့ အရေးကြီးနေတယ်။ ဘယ်အသင်းကမှ အရှုံးခံချင်မှာ မဟုတ်ဘူး။ ကျနော်သာ ချယ်ဆီး ဖန် တစ်ယောက် ဆိုရင် ဒီပွဲက သရေပဲ ယူမယ်။ နှစ်သင်းလုံးက အားကုန် ထုတ်ကြမှာပဲ၊ သရေ ရလဒ်ကတော့ နှစ်သင်း စလုံးအတွက် မျှတမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၂ လီဗာပူး

Man Utd v Wolves

ဝုဗ်မှာ ဖြစ်ခဲ့တာတွေကတော့ မယုံနိုင်စရာပဲ။ ဘောလုံး ရာသီ မစခင် ၃ ရက် အလိုမှာ သူတို့က နည်းပြကို ထုတ်လိုက်တယ်။ ဒါရိုက်တာတွေနဲ့ အသင်း ဥက္ကဌကတော့ သူတို့ အသင်းကို တကယ် လုပ်နိုင်မယ့် သူ ကို လိုချင်နေတာ။

မန်ချက်စတာ ယူနိုက်တက်မှာ အထင်ကြီးစရာ ကွင်းလယ် ပိုင်ဆိုင်ထားတယ်။ သူတို့ ခံစစ်ကိုပဲ ကျနော် နည်းနည်း စိုးရိမ်မိတာ။ မာတီနက်ဇ်က သူတို့ အတွက် ကျောက်ဆောင်ကြီးပါ။ သူသာ ဒဏ်ရာရသွားရင် ယူနိုက်တက် ပြသနာ တက်ပါပြီ။ ကျနော်က ဒီပွဲ ယူနိုက်တက် အနိုင်လို့ပဲ မှန်းပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၄-၀ ဝုဗ်

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းချက်များ

  • Sheffield United 1-1 Palace
  • Bournemouth 1-1 West Ham
  • Brighton 3-0 Luton Town
  • Everton 1-1 Fulham
  • Newcastle 2-1 Aston Villa
  • Brentford 1-3 Tottenham