ပရီးမီးယားလိဂ် ဝါရင့် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို မရတဲ့နောက် ထိပ်ဆုံး ၄ သင်းထဲ ဝင်တော့မှာ မဟုတ်ဘူးလို့ ယူဆနေပြီး ချယ်ဆီးကပဲ ဝင်ရောက်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ပေါမာဆန်က ရာသီမစခင်မှာ အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ လီဗာပူးတို့ Top 4 ဝင်မယ် ခန့်မှန်း ထားပေမယ့် တနင်္ဂနွေနေ့ ပွဲအပြီးမှာ ချယ်ဆီးကို အစားထိုးလိုက်တာပါ။
ယာဂင်ကလော့ပ်ရဲ့ လူစာရင်းမှာ ကွင်းလယ် ခံစစ်သမား နေရာဟာ အားနည်းချက် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
‘ ချယ်ဆီးက မနှစ်ကရာသီထက် အဆပေါင်း ၁၀၀ လောက်ပိုကောင်းလာတယ်။ သူတို့ ကိုင်ဆီဒိုကိုပါ ရလိုက် တာကြောင့် လီဗာပူးကို ကျော်ပြီး အဆင့် ၄ နေရာ ဝင်နိုင်ပါလိမ့်မယ်။
တနင်္ဂနွေနေ့ကပွဲမှာ နှစ်သင်းလုံး ဘာကြောင့် ကိုင်ဆီဒိုကို လိုအပ်တယ်ဆိုတာ မြင်ခဲ့ရပါတယ်။ သူက ပေါင် ၁၁၅ သန်း တန်လား? မတန်ပါဘူး။ ဒါပေမယ့်လို့ သူ့အတွက် အဲ့လောက်ပေးရလို့ ချယ်ဆီးပရိသတ်တွေက ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
လီဗာပူးရဲ့ ကစားဟန်က ပွင့်လွန်းနေပါတယ်။ သူတို့ ဘောလုံးပြန်ရအောင် မယူနိုင်ဘူးဖြစ်နေတယ်။ ဒီလီဗာပူးက အာဆင်နယ်နဲ့ မန်စီးတီးလို ထိပ်တန်း အသင်းတွေနဲ့ ဒီအပတ် ယှဉ်ပြိုင်မယ်ဆိုရင် ပြဿနာ တတ်ပါပြီ။ သူတို့ ၅ ဂိုးပြတ် ၆ ဂိုးပြတ်ကို ရှုံးမှာပါ။ သူတို့ရဲ့ ကစားကွက်က အရမ်းပွင့်နေပါတယ်။
လီဗာပူးက သူတို့ ကစားကွက်ကို ဟာကွက်ကြီး မဖြစ်လိုတာကြောင့် ဘောလုံး ပြန်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့်ပဲ သူတို့ ကိုင်ဆီဒိုကို ခေါ်ယူတာပါ။
သူတို့က ကွင်းလယ်ကနေ သွင်းဂိုး ၁၅ ဂိုးရဖို့ထက် ဘောလုံးပြန်ယူနိုင်ဖို့ ကိုင်ဆီဒိုလို လူကို ခေါ်ချင်တာပါ။ ဘောလုံး ပိုင်ဆိုင်ထားချိန်မှာ လီဗာပူးကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ပါဘူး ’ လို့ ပေါမာဆန်က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။