ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။

လီဗာပူး v ဘုန်းမောက်

ဒီပွဲကို ကျနော် ကိုယ်တိုင်ကိုယ်ကျ အန်ဖီးကွင်းကနေ ကြည့်မှာပါ။ ဘုန်းမောက်ဘက်က ပိုကောင်းလာရင်တောင် လီဗာပူးတိုက်စစ်သမားတွေ ရလဒ်ကို ခြားနားစေမှာကို ကျနော် မျှော်လင့်နေပါတယ်။ လီဗာပူးမှာက တိုက်စစ်ပိုင်း ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

ဘုန်းမောက်အတွက် အခွင့်အရေး ရှိဦးမယ်လို့ ထင်ပေမယ့် ချယ်ဆီးကို ရင်ဆိုင်တုန်းက လီဗာပူးအသင်းရဲ့ အစောပိုင်း ကစားပုံ သိပ်ကောင်းပါတယ်။ ဒီအခြေအနေမှာ လီဗာပူးက ကွင်းလယ် ခံစစ် တစ်နေရာတည်း အားနည်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ clean sheet ရမယ်လို့ ကျနော် မထင်တာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ ဘုန်းမောက်

စပါး v မန်ယူနိုက်တက်

မနှစ်တုန်းကတော့ မန်ယူနိုက်တက်က အဝေးကွင်းတွေဆိုရင် ရလဒ် မကောင်းပါဘူး။ ဒါပေမယ့် စပါးရဲ့ ကစားဟန်က နည်းပြတန်ဟက်အတွက် သဘောကျစရာ ကောင်းပါတယ်။ စပါးက နည်းပြသစ်လက်ထက်မှာ ထိုးဖောက်ရလွယ်ကူပါတယ်။ လန်ဒန်မှာ ဘယ်လိုကစားရမလဲ ယူနိုက်တက် ကစားသမားတွေ သိကြပါတယ်။

ဝုဗ်ကို ရင်ဆိုင်တုန်းက ယူနိုက်တက်တို့ သိပ်မကောင်းခဲ့ဘူး။ ဒါပေမယ့်လို့ အရှိန်မကောင်းတာတောင် အနိုင် ၃ မှတ်တော့ ယူနိုင်ခဲ့တယ်။ ဒီပွဲကတော့ အကျိတ်အနယ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တန်ဟက်ရဲ့ အသင်းကပဲ ကပ်သီးလေး အနိုင်ရသွားမယ်ထင်တယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ စပါး ၁-၂ မန်ယူနိုက်တက်

မန်စီးတီး v နယူးကာဆယ်

မနှစ်ကရာသီတုန်းက နယူးကာဆယ်တို့ မန်စီးတီးကို အတော်လေး သတိပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူတို့က မန်စီးတီးကို ပြဿနာတွေ ပေးဦးမှာပါပဲ။

ဒီရာသီမှာ မန်စီတီးက အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။ ကြားရက်က စီးတီးတို့ ပွဲကစားထားတာကြောင့် ဒီပွဲ သရေကျမယ်လို့ ခန့်မှန်းလိုပေမယ့် အိမ်ကွင်းမှာ စီးတီးတို့ အနိုင်ရသင့်ပါတယ်။ နယူးကာဆယ်က ကောင်းပါတယ်။ ဒါပေမယ့် သူတို့ အဲ့လောက်ကြီး ကောင်းနေတာ မဟုတ်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၁ နယူးကာဆယ်

ဝက်စ်ဟမ်း v ချယ်ဆီး

ချယ်ဆီးက အရင်အပတ်တုန်းက လီဗာပူးကို ရင်ဆိုင်ကစားစဉ်မှာ အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့အသင်းထံ ကိုင်ဆီဒို တန်းပြီး ဝင်လာမယ် အန်ဇိုနဲ့ တွဲဘက် ကစားမယ်ဆိုရင် ပိုတောင် ကောင်းလာဦးမှာပါ။ ဂိုးရဖို့ကတော့ ချယ်ဆီးရဲ့ အဓိက ပြဿနာလို့ ထင်ပါတယ်။

ဝက်စ်ဟမ်းက ခံစစ်ကို အထိုင်ချ ကစားမှာပါ။ ဒါပေမယ့် သူတို့ကို ဖြိုခွင်းဖို့ ချယ်ဆီးမှာ အရည်အချင်းတွေ အများကြီး ရှိပါတယ်။

ဆက်တန် ခန့်မှန်းရလဒ် ။ ။ ဝက်စ်ဟမ်း ၁-၂ ချယ်ဆီး

ပဲလေ့စ် v အာဆင်နယ်

မနှစ်က ရာသီစမှာ အာဆင်နယ်က ပဲလေစ့်ကွင်းထံသွားပြီး ၂-၀ နဲ့ အနိုင်ရတာက အကြောင်းကြားမှု ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ အဲကွင်းမှာ အာဆင်နယ်က မကြာခဏ အမှတ်လျော့လေရှိတာပါ။ အရင်အပတ် ရှက်ဖီးကို ပဲလေစ့်တို့ ရင်ဆိုင်တုန်းက ခြေစွမ်းကောင်းပါတယ်။

အာဆင်နယ်မှာ တင်ဘာ ဒဏ်ရာကြောင့် အနားယူရတာကလည်း အတော်လေး အထိနာပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ရဲ့ အင်အားစုက ဒီပွဲကို ကျော်ဖြတ်ဖို့ လုံလောက်နေဆဲ ဖြစ်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ပဲလေ့စ် ဝ-၂ အာဆင်နယ်

အခြား ပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Forest 2-0 Sheff Utd
Fulham 1-1 Brentford
Wolves 1-2 Brighton
Aston Villa 2-0 Everton