ချယ်ဆီးအသင်းရဲ့ မနေ့ညက ဝင်ဘာဒန်အသင်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ ကာရာဘောင်း ဒုတိယအကျော့ ပွဲစဉ်မှာ ခံစစ်မှူး ကိုးဝဲလ်ဟာ အသေးစား ဒဏ်ရာ ရခဲ့ပါတယ်။

နည်းပြ ပိုချက်တီနို လက်အောက်မှာ ၄ ပွဲဆက် ပွဲထွက်ထားတဲ့ ကိုးဝဲလ်ဟာ မနက်က ပွဲမှာတော့ နည်းနည်း ထိခိုက်မှုရှိခဲ့တာပါ။

အသက် ၂၀ အရွယ် ခံစစ်မှူးဟာ ခြေကျင်းဝတ်မှာ ရေခဲအုပ်ထားပြီး ပရိသတ်တွေကို လိုက်နှုတ်ဆက်နေတဲ့ မြင်ကွင်းက စိတ်ပူစရာ ဖြစ်ခဲ့ပါတယ်။

ကိုးဝဲလ်ရဲ့ ခြေကျင်းဝတ် ဒဏ်ရာအကြောင်း မေးရာမှာ ပိုချက်တီနိုက မစိုးရိမ်ဖို့ ပေါ့ပေါ့ပါးပါး ဖြေကြားသွားပါတယ်။

‘ မဟုတ်ပါဘူး သူ ဒဏ်ရာ မရပါဘူး။ အဲ့တာက အကန်ခံလိုက်ရလို့ နာသွားတာပါ။ ပြဿနာကြီး မဟုတ်ဘဲ သာမာန် အသေးစားလေးပါပဲ။ ခြေကျင်းဝတ်ကို ရေခဲကပ်ထားတာက ဒီအပတ်ကုန် ပရီးမီးယားလိဂ်ပွဲမှာ ဘာပြဿနာမှ မရှိဘဲ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ပါ ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စတမ်းဖိုဒ့်ဘရစ်ချ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ကိုးဝဲလ်က ‘ဒဏ်ရာဟာ အကန်ခံရလို့ နာသွားတာ လောက်ပါ’ ဆိုပြီး တုန့်ပြန်ပေးခဲ့ပါတယ်။

ဒီအပတ် စနေနေ့မှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။