ဒီနေ့ စနေနေ့ ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အသင်းကြီးပွဲတွေထဲမှာတော့ အစောပိုင်းပွဲ စပါး အနိုင်ရခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလည်း ပြိုင်ဘက်တွေကို နိုင်ပွဲတွေ ကိုယ်စီ ရယူနိုင်ခြင်းနဲ့အတူ အမှတ်ပေးဇယား အလယ်လောက်ကို စတင် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ တစ်ပွဲလုံး ပြောစရာတွေ များပြားခဲ့ပြီး တစ်သင်းလုံး ဖိအားတွေအောက် ရောက်နေခဲ့ပါတယ်။ သာမာန်ခြေစွမ်းနဲ့ အသင်းတစ်သင်းရဲ့ ခြေစွမ်းကို ယူနိုက်တက်ပရိသတ်တွေ အတော်လေး ဒေါသထွက်နေကြကာ ဒီပွဲမှာ ဝေဖန်စရာ သိပ်များခဲ့ပါတယ်။

တန်ဟက်လုပ်ခဲ့တဲ့ အမှန်ကန်ဆုံး လုပ်ရပ်ကတော့ အမရာဘတ်နေရာ တော်မီနေးကို လူစားလဲခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဧရိယာထဲမှာ တိုက်စစ်သမား တစ်ဦးလို ခြေစွာခဲ့တဲ့ စကော့တလန်သားဟာ ၃ မိနစ်အတွင်း သွင်းဂိုး ၂ ဂိုး ရယူကာ အံ့မခန်း နိုင်ပွဲနဲ့အတူ အိုးထရတ်ဖိုဒ့်ကို ပွဲဆူစေခဲ့ပါတယ်။

မန်ယူနိုက်တက်တို့ရဲ့ လက်တလော ခြေစွမ်းအရ ယုံကြည်မှုပိုင်း ဆင်းရဲနေပြီး တော်မီနေး ကယ်တင်လိုက်တဲ့ နိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၉ နေရာထိ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘန်လေအသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ပထမပိုင်းအတွင်း ဘန်လေက ပိုကောင်းပြီး ဦးဆောင်ဂိုး ရခဲ့ပေမယ့်လို့ ချယ်ဆီးတို့ ကြံ့ကြံ့ခံပြီး ဆက်လက် ယှဉ်ပြိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်လေရဲ့ OG ဟာ ချယ်ဆီးတို့ ပြန်လာဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့သလို ဒုတိယပိုင်းမှာ ပိုချက်တီနိုရဲ့ အသင်းဟာ ဖြေးဖြေးချင်း တိုက်စစ် ခြေတွေ့လာခဲ့ပါတယ်။ ဒီပွဲမှာ စတာလင် အတော်လေး ခြေစွမ်းပြခဲ့ပြီး ကွင်းလယ်တန်းကလည်း တွဲဘက်မိလာခဲ့တာပါ။

ယုံကြည်မှုပိုင်း တိုးတက်လာခဲ့ကာ စတာလင်၊ ဂျက်ဆက်၊ ပါးမားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချယ်ဆီးအသင်းဟာ ၂ ပွဲဆက် နိုင်ပွဲရခဲ့ပြီး အဆင့် ၁၀ နေရာကို တက်လာခဲ့ပါတယ်။