ရှက်ဖီးယူနိုက်တက်ကို ၂-၁ ဖြင့် အနိုင်ရအပြီးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဟာ မက်ဂွဲရားဖြစ်ကြောင်း ထောက်ပြမှုတွေ ထွက်ပေါ်လာပါတယ်။
နည်းပြတန်ဟက် လက်ထက် ၂၀၂၂ အောက်တိုဘာကစလို့ ယူနိုက်တက်အတွက် အင်္ဂလန်သား ခံစစ်မှူးဟာ ကစားပေးထားတဲ့ ၁၆ ပွဲမှာ ၁၅ ပွဲထိ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ပွဲရာနှုန်း ၉၄% ထိ ရှိထားခဲ့တယ်။
ဒါဆိုရင် မက်ဂွဲရား မပါတဲ့ ပွဲတွေကျတော့ကော ဆိုတာအတွက် အဖြေကတော့ သူမပါဘဲ ယူနိုက်တက်တို့ ၄၂ ပွဲ ကစားထားခဲ့ရာမှာ ရှုံးပွဲ ၁၃ ပွဲထိတောင် ရှိထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ပွဲရာနှုန်းက ၅၄% ပဲ ရှိထားပါတယ်။
ဒါ့အပြင် မက်ဂွဲရား ပါဝင်တဲ့ ပွဲတွေမှာ ယူနိုက်တက် ခံစစ်ရဲ့ ဂိုးပေးရနှုန်းဟာ ၀.၇ ပဲ ရှိထားပါတယ်။ ဒီတလော မာတီနက်စ် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ မက်ဂွဲရားဟာ ခံစစ်မှာ ပွဲထွက်ခွင့် ပြန်ရလာကာ တည်ငြိမ် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနေတာပါ။
ဒီတလော ခြေစွမ်းတွေအရ ယူနိုက်တက် ရလဒ်မကောင်းတာဟာ မက်ဂွဲရားကြောင့် ဆိုပြီး တိုက်ရိုက် ဝေဖန်နေကြတာဟာ လွဲမှားနေကြောင်း မှတ်ချက်တွေလည်း ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။