နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းကတော့ မနေ့ညက အဝေးကွင်းမှာ လန်ဒန် ပြိုင်ဘက် စပါးအသင်းကို ၄-၁ နဲ့ အနိုင်ယူပြီး အောင်ပွဲဆင်ခဲ့ပြီ ဖြစ်ပါတယ်။

လန်ဒန်ဒါဘီပီပီ အိမ်ရှင် စပါးတို့ ၂ ယောက် ထုတ်ပယ်ခံခဲ့ရပြီး ပွဲက ခပ်ကြမ်းကြမ်း ရှိခဲ့ပါတယ်။ ချယ်ဆီးအသင်း ဘက်ကတော့ တိုက်စစ်မှုး နီကိုးလပ်စ် ဂျက်ဆန်က ဟက်ထရစ် သွင်းပေးခဲ့တာကြောင့် ဂိုးပေါက်လွဲနေကျ တိုက်စစ်မှုးလေး အတွက် ဖိအား အတော် အတန် လျော့သွားတော့မှာပါ။

ဂျက်ဆန်ဟာ အခုဆိုရင် ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပြီး ၆ ဂိုးထိ သွင်းယူထားပြီ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှုး ဂျက်ဆန် က ချယ်ဆီးနည်းပြ ပိုချက်တီနိုက ချီးကျူးခဲ့ပေမယ့် တိုးတက်စရာတွေ အများကြီး ရှိသေးကြောင်းကိုလည်း သတိပေးခဲ့ပါတယ်။

” ဒါက သူ့ ယုံကြည်မှုကို တည်ဆောက်နေဆဲ ကာလလို့ ကျွန်တော် ထင်ပါတယ်။ တိုက်စစ်မှုး တစ်ဦးက ငယ်ရွယ်ပြီး ချယ်ဆီးလို ကလပ်အသင်းကို ရောက်လာရတယ် ဆိုတာက ကိစ္စကြီး တစ်ခုပါ။

သူက သိပ်ငယ်သေးတဲ့ အပြင် စပိန်က လာတာ။ မတူညီတဲ့လိဂ် ဖြစ်တာကြောင့် ဒီမှာ သူ တိုးတက်အောင် လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒီ ဟက်ထရစ်က သူ့ရဲ့ ထိပ်တန်း အရည်အသွေးကို လှစ်ပြလိုက်ပြီး သူ သက်တောင့် သက်သာ ပိုဖြစ်၊ ယုံကြည်မှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်။

သူ့အတွက်လည်း ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်စစ်မှုး တစ်ယောက် ဂိုးမသွင်းရင် ဘယ်လောက် ခံစားရတယ် ဆိုတာ သဘောပေါက်တယ်လေ။ ချယ်ဆီးမှာ ကစားရတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး။ ” လို့ ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

ဆီနီဂေါသားဟာ ညကပွဲမှာ ပြိုင်ဘက် ဧရိယာထဲ ဘောလုံးထိချက် ၁ဝ ကြိမ် ရှိခဲ့ပြီး ၆ ကြိမ် ကန်သွင်းကာ ၅ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပါတယ်။ ၃ ဂိုးလည်း သွင်းနိုင်ခဲ့တာကြောင့် ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုလည်း ရှရိခဲ့ပါတယ်။