ဘရာဇီးကလပ် ကိုရင်သီရမ်အသင်းရဲ့ ကွင်းလယ် ကစားသမား Gabriel Moscardo ကို ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်နဲ့ ချယ်ဆီး အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
ချယ်ဆီးအသင်းဟာ ဒီရာသီအတွက် စတုတ္ထမြောက် ဘရာဇီး ကြယ်ပွင့်ကို ခေါ်ယူရေး ကြိုးစားမှုအဖြစ် Moscardo ကို လက်မှတ်ထိုးနိုင်ဖို့ စတင် ကြိုးစားနေပါပြီ။ ၎င်းကို လာလီဂါ အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာကလည်း စောင့်ကြည့်နေတာပါ။
ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကလည်း ဇန်နဝါရီမှာ ကွင်းလယ်လူသစ် ရလိုနေတာကြောင့် ဘရာဇီး ကြယ်ပွင့်လေးရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်း ဝန်းကျင်ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။
ပြိုင်ဘက်ကလပ် ၂ သင်းက စိတ်ဝင်စားမှု ပြသနေပေမယ့်လို့ အသက် ၁၈ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူကို ခေါ်ယူရေးမှာ ချယ်ဆီးက ရှေ့ရောက်နေပါသေးတယ်။ ချယ်ဆီးဟာ နွေတုန်းက ပေါင် ၁၈ သန်းနဲ့တောင် ကမ်းလှမ်းမှု လုပ်ခဲ့သေးကာ ဘရာဇီးကလပ်က ပယ်ချထားတာပါ။
ကိုရင်သီရမ်အသင်းဟာ သူတို့အသင်းရဲ့ ဥက္ကဋ္ဌ ရွေးချယ်ပွဲအပြီး နိုင်ဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်းမှ Moscardo ကို ရောင်းချမလား ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဒီနွေမှာ ဘရာဇီးကြယ်ပွင့်တွေဖြစ်တဲ့ အန်ဒရေ ဆန်းတိုစ့်၊ အန်ဂျလို ဂါဘရီရယ်နဲ့ ဝါရှင်တန်တို့ ၃ ဦးကို ခေါ်ယူထားတဲ့ ချယ်ဆီးကပဲ အနာဂတ်အတွက် ရည်ရွယ်ပြီး Gabriel Moscardo ကို ပါ ခေါ်ယူနိုင်မယ် ရေပန်းစားနေတယ်။
နည်းပြ ပိုချက်တီနိုရဲ့ အသင်းဟာ နွေတုန်းက ကိုင်ဆီဒို၊ လာဗီယာတို့ ပြီးနောက် လီဗာပူးရဲ့ ပစ်မှတ်ကို သုံးထက်ကွမ်း အသာရခြင်း ဖြစ်လာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။