မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာ ဟာ ကင်မရွန်း လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားပေးရင်း ပြီးခဲ့တဲ့ သောကြာနေ့ညက ပွဲမှာ ထိခိုက်သွားခဲ့ကာ လူစားလဲခဲ့ရပါတယ်။
ကင်မရွန်းအသင်းရဲ့ Mauritius ကို ၃-ဝ နဲ့ နိုင်တဲ့ ပွဲမှာ အိုနာနာ က ဂိုးပေါက်ကိုကာကွယ်ရင်း ထိခိုက် သွားခဲ့ကာ ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂိုးသမားဟာ ကွင်းဘေးမှာ ချက်ချင်း ကုသမှုလည်း ခံယူခဲ့ရပြီး အဲဒီနောက်မှာတော့ ဒူးအကာစွပ်ကာ သူ့ဘာသာ လမ်းလျှောက် သွားနိုင်ခဲ့တာ ကိုတော့ တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အိုနာနာ ကို အဲဒီပွဲ မပါဝင်နိုင်မှာတော့ စိုးရိမ်ဖွယ် မရှိဘူး သတင်းထွက်လာပါတယ်။
ဒီဇင်ဘာလထဲမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲကြပ်တွေနဲ့ ခရီးကြမ်းက စောင့်ကြိုနေပါတယ်။ အဲဗာတန်နဲ့ ပွဲပြီးရင် နယူးကာဆယ်၊ ချယ်ဆီး၊ လီဗာပူးနဲ့ အက်စတွန်ဗီလာ တို့ကို ဆက်တိုက် ရင်ဆိုင် ရမှာပါ။ ဒါ့အပြင် ဂါလာတာစာရေး၊ ဘိုင်ယန်တို့နဲ့လည်း ချန်ပီယံလိဂ် အရေးကြီးပွဲတွေ ရှိနေပါတယ်။
ဒီလို ကာလထဲမှာ အိုနာနာ မပါဝင်နိုင်ရင် ယူနိုက်တက် အကြပ်ရိုက်ဖွယ် ရှိပေမယ့် ကင်မရွန်းသားဟာ အဲ့လောက် ထိခိုက်မှု ကြီးဖွယ် မရှိပါဘူး။
သတင်းထောက် ရိုမန်နို ကတော့ အိုနာနာ ဟာ ပခုံးထိသွားခဲ့တာ ဖြစ်ပြီး အရမ်းကြီး မပြင်းထန်ဘဲ ယူနိုက်တက် အတွက် ပွဲ ပြန်ကစားဖို့ အဆင်ပြေနိုင်ကြောင်း ဖော်ထုတ်လာပါတယ်။
ကင်မရွန်းအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ လစ်ဗျားအသင်းနဲ့ ကစားဖို့ ရှိသေးပေမယ့် အဲဒီ့ပွဲမှာတော့ အိုနာနာ ပါဝင် ကစားနိုင်ဖို့ မသေချာသေးပါဘူး။