ဘီဘီစီမှ ပင်တိုင် ကလောင်ရှင် ခရစ်ဆက်တန်ကတော့ အင်္ဂလန်အသင်း ကွင်းလယ်မှာ ထရန့် အလက်ဇန်းဒါး အာနိုးနဲ့ ဘယ်လင်ဟမ်တို့ အတူတွဲကစားတာမျိုး မြင်လိုနေပါတယ်။
ထရန့်ဟာ အင်္ဂလန်အသင်းမှာ ကွင်းလယ်နေရာ ပြောင်းကစားနေပြီး Malta ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဘယ်လင်ဟမ်က ဒဏ်ရာရနေတာကြောင့် အဆိုပါပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဟန်ဒါဆန်နဲ့ ကယ်ဗင်ဖီးလစ်တို့ဟာ နည်းပြဆောက်ဂီတ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန် ပါဝင်ခွင့် မရနိုင်တော့တာနဲ့အတူ ထရန့်-ဘယ်လင်ဟမ် အတွဲကို မြင်ရဖို့ စောင့်ဆိုင်းမှုတွေ ရှိနေပါပြီ။
‘ အင်္ဂလန်အတွက် ထရန့် ကစားနေတာက ကွင်းလယ်အတွင်းလူ နေရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူက တိုက်စစ်ကို လွတ်လပ်စွာ လိုက်ပါခွင့်လည်း ရထားပါတယ်။ ဘောလုံးပေးတာတွေ ကောင်းမွန်တယ်၊ ကွင်းလည်ကနေ အပြည့်အဝ ပါဝင်ထားနိုင်ပါတယ်။
ထရန့် အဲ့သည်လို ကစားနိုင်မှုအရ ဘယ်လင်ဟမ်ရဲ့ ပွဲထွက်နေရာကို စိန်ခေါ်သွားမလားပါပဲ ‘ လို့ Ladyman က မေးခွန်းထုတ်ခဲ့တယ်။
‘ ဘယ်လင်ဟမ်ကလည်း သိပ်ကို ကောင်းမွန်နေသူမို့ အင်္ဂလန်အသင်းမှာ အခြား တစ်ဦးဦးကို စမ်းသုံးတာမျိုး မလုပ်ဘဲ သူ့ကိုပဲ နံပါတ် ၁၀ နေရာ အပြီးပေးထားသင့်လား?’ လို့လည်း ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
ဆက်တန်ကတော့ Ladyman ရဲ့ အမြင်ကို အခြား အမြင်တစ်ခုဖြင့် ဆွေးနွေးခဲ့ပါတယ်။ ဆက်တန်က ‘ ထရန့်ရဲ့ ဘောလုံးအမြင် ကောင်းမွန်မှုဟာ ဘယ်လင်ဟမ်ကို အနှောက်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။
မက်ဒီဆိုးနီးယားပွဲမှာ ထရန့်က ကွင်းလယ်ကနေ ကစားသွားတာ သိပ်ကောင်းပါတယ်။ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာကော သူ အဲ့လို ကောင်းနေဦးမလား အခွင့်အရေး ပေးကြည့်ရမယ်။
အင်္ဂလန်က ယူရိုပွဲ မတိုင်ခင် ဘရာဇီး၊ ဘယ်ဂျီယံတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲ့ နှစ်ပွဲမှာ ကွင်းလယ်ကနေ ထရန့် ဘယ်လို ကစားတယ်ဆိုတာ မြင်ကြရဖို့ လိုပါတယ် ‘ လို့ ထောက်ပြခဲ့ပါတယ်။