မန်ချက်စတာ ယူနိုက်တက်မှာ နေရာ မပေးနိုင်တာကြောင့် ဂီတာဖေး အသင်းမှာ အငှားထွက် ကစားနေတဲ့ တိုက်စစ် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ် ဟာ ခြေစွမ်းပြနေပြီး စနေနေ့က အလန်းစား ဂိုး သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကင်းထောက်တွေက စောင့်ကြည့်လာကြပါတယ်။
ဂရင်းဝုဒ်ဟာ လူမှုရေး ပြသနာတွေကြောင့် အင်္ဂလန် က ဘောလုံး ပရိသတ်တွေနဲ့ ယူနိုက်တက် အမျိုးသမီး အသင်းသားတွေ ဆန့်ကျင်မှုကြောင့် သြဂုတ်လမှာ အငှားထွက် ကစားဖို့ ရွေးချယ်ခဲ့ရတာပါ။
ယခင်က အမှုဆိုင်နေရတာကြောင့် ၁၈ လ တာ မြက်ခင်းပြင်တွေ ဘောလုံးပွဲတွေနဲ့ ဝေးကွာသွားခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေး အသင်းမှာ တစ်ရာသီ အငှား ကစားဖို့ ပြောင်းရွှေ့သွားတည်းက ပြန် ကစားရင်း ခြေကောင်းတွေ့လာပြီ ဖြစ်ပါတယ်။
လက်ရှိ အသင်းသစ်နဲ့ ၁၁ ပွဲ ပါဝင် ကစားပြီးပြီ ဖြစ်တဲ့ ဂရင်းဝုဒ်ဟာ စနေနေ့က အယ်မာရီးယား အသင်း အား ၂-၁ နဲ့ နိုင်တဲ့ ပွဲမှာ ဧရိယာ ပြင်ပကနေ ကန်သွင်းကာ လှလှပပ ဂိုးရခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဂီတာဖေး အတွက် ၄ ဂိုး သွင်း ၃ ဂိုး ဖန်တီးထားပြီးလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂရင်းဝုဒ် အနာဂတ်က ရေရာမှု မရှိသေးတာကြောင့် ပရီးမီးယားလိဂ် အသင်း တချို့က ကင်းထောက်တွေ စောင့်ကြည့်လာကြပြီ ဖြစ်တယ် လို စပိန်သတင်းတွေက ဖော်ပြလာပါတယ်။
ဂီတာဖေး ဘက်ကတော့ ဂရင်းဝုဒ်က မန်ချက်စတာကလပ်နဲ့ အဆင်မပြေသေးရင် တစ်နှစ်လောက် သက်တမ်းတိုး ဆက်ခေါ်ထားနိုင်ဖို့ မျှော်လင့်နေပါတယ်။