အရင် တစ်ရက်က အာဆင်နယ် အစောပိုင်း ပရီးမီးယားလိဂ် ပွဲ ကစားပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားပြီးနောက် မနေ့ညက ပရီးမီးယားလိဂ် ပွဲတွေမှာတော့ ထူးခြားတဲ့ ပွဲတွေ ပါဝင်လာပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်း ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာ ကို ၁-ဝ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးတို့ အဆင့် ၄ နေရာထိ ဆင်းပေးခဲ့ရသလို အက်စတွန် ဗီလာ ကလည်း အဆင့် ၃ နေရာ တက်သွားခဲ့ပါတယ်။
ပွဲမတိုင်မှာပဲ နည်းပြ ထုတ်ပယ်ပြီး အပြောင်းအလဲ လုပ်ထားတဲ့ ရှက်ဖီး ယူနိုက်တက်ကို လီဗာပူး အသင်းကတော့ အဝေးကွင်းမှာ အမှားအယွင်း မရှိအောင် ကစားပြီး ၂-ဝ နဲ့ နိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် သိပ်လွယ်ကူတဲ့ နိုင်ပွဲတော့ မဟုတ်ခဲ့ဘဲ အနိုင်သေချာစေတဲ့ ဂိုးကို ပွဲပြီးခါနီး ၉၄ မိနစ်မှ ဆိုဘိုစလိုင်းက သွင်းခဲ့တာပါ။ ဒီနိုင်ပွဲ ကြောင့် လီဗာပူးကတော့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ အိုးထရက်ဖို့ဒ်မှာ ချယ်ဆီးကို ဧည့်ခံ ကစားပြီး တော်မီနေး သွင်းဂိုးတွေနဲ့ အတူ ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး မြင်ခဲ့ရပြီး ချယ်ဆီးကတော့ ခံစစ်ရော တိုက်စစ်မှာ ချာခဲ့ပါတယ်။
ယူနိုက်တက် အတွက် ဒီနိုင်ပွဲကြောင့် အဆင့် ၆ ပြန်ရောက်လာသလို မန်စီးတီးနဲ့ ၃ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။