မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ချယ်ဆီးကို ၂-၁ ဖြင့် အနိုင်ယူပြီး အဆင့် ၆ နေရာ ပြန်တက်လာကာ အဆင့် ၄ နေရာက မန်စီးတီးနောက် ၃ မှတ်အကွာထိ ရောက်လာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် နည်းပြတန်ဟက်ကတော့ အသင်းရဲ့ အနေအထားကို အားမရပါဘူး။
အိမ်ကွင်းမှာ အသင်းကြီး ပြိုင်ဘက် တစ်သင်းကို ကျေနပ်ဖွယ် နိုင်ပွဲ ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကောင်းတယ် ဆိုတဲ့ အဆင့်ဟာ ဘာမှ မဟုတ်သေးဘူး လို့ အသင်းသားတွေကို ယူနိုက်တက်က နည်းပြက သတိပေးလာခဲ့ပါတယ်။
နည်းပြ တန်ဟက်က ” ပွဲ တစ်ပွဲမှာ ရလဒ်က အရေးအကြီးဆုံးပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ရလဒ် ယူနိုင်ဖို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် လိုအပ်ပါတယ်။ ခြေစွမ်း ကောင်းလား၊ ဆိုးလား ဆိုတာတွေကို အသင်းသားတွေ သိပါတယ်။ သူတို့က စက်ရုပ် မဟုတ်တော့ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။
ကျနော်တို့ ကိစ္စတွေကို မှန်ကန်တဲ့ အခြေအနေရောက်အောင် တွန်းအားပေးချင်တယ်။ အကြိမ်တိုင်း ၁၀၀% ပေးဆပ် လိုပြီး အဲ့ထက် နည်းနည်းပဲ အားထုတ်ခဲ့ရင်ကို လက်မခံနိုင်ပါဘူး။
ဒီလိဂ်မှာ ရာနှုန်းပြည့် မပေးဆပ်ရင် ခံစားသွားရပါလိမ့်မယ်။ စနေနေ့မှာ အားမထုတ်ရင် ကျနော်တို့ နွှာခံရပါလိမ့်မယ်။ ကောင်းတယ် ဆိုတဲ့ အဆင့်လောက်က မလုံလောက်ပါဘူး။ ဒါထက်ကို ပိုကောင်းလာဖို့ လိုပါတယ် ” လို့ ပြောဆိုခဲ့တာပါ။
ယူနိုက်တက်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ၅ ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲက လီဗာပူး၊ အက်စတွန်ဗီလာတို့ ပါဝင်နေတာမို့ ချယ်ဆီးနိုင်ပွဲ အရှိန်ကို မြင့်တင်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။