ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာ တိုက်စစ်မှူး ဒူရမ်ကို ယူရို သန်း ၅၀ ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
တိုက်စစ်မှူး ဆက်ကိုဟာ အာဆင်နယ်နဲ့ ချယ်ဆီးတို့ကို ငြင်းဆန်ပြီး လိုက်ဇစ်နဲ့ စာချုပ်သစ် သက်တမ်းတိုးကာ ဂျာမာန်မြေမှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။
လက်စတာအသင်းဟာ ချယ်ဆီးကို ပြောင်းရွှေ့သွားတဲ့ နည်းပြမာရက်စကာ နေရာမှာ ဘရိုက်တန်နည်းပြဟောင်း ပေါ်တာကို အစားထိုးဖို့ အာရုံစိုက်လာပါတယ်။
နယူးကာဆယ်ဟာ ဘုန်းမောက်အသင်း ခံစစ်မှူး ကယ်လီကို အလွတ်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရသွားတော့မှာပါ။
စပါးကွင်းလယ်လူ ဟော့ဂျက်ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်က စိတ်ဝင်စားလာနေပါတယ်။
လိုင်လီခံစစ်မှူး ယိုရိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ကာ ရီးရဲလ်မက်ဒရစ်ထံပဲ ပြောင်းရွှေ့လိုနေပါတယ်။
ဒီနွေမှာ ကွင်းလယ်ပိုင်းကို အားဖြည့်မှာဖြစ်ပေမယ့် ဘာနာဒိုကို ဆက်ထိန်းနိုင်ဖို့ နည်းပြဂွာဒီယိုလာက အလိုရှိနေပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလစ် လူးဝစ်ကို ကစားသမား အလိုက်ပေးမှုအပြင် ပေါင် သန်း ၂၀ ဖြင့် ချိတ်ဆက်ဖို့ ဂျူဗင်တပ်က ကမ်းလှမ်းလိုနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဖူလ်ဟမ်ကွင်းလယ်လူ ပါလင်ညာကို ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းပြီး မအောင်မြင်ခဲ့ပါဘူး။ ပေါ်တူဂီသားရဲ့ အနေအထားကို မန်ချက်စတာ ယူနိုက်တက်ကလည်း စောင့်ကြည့်နေပါတယ်။
ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ ခေါ်ယူလိုနေတဲ့ ခံစစ်မှူး ဒီယက်ဇ်အတွက် ပေါင် ၇၅ သန်း အနည်းဆုံးရမှ လီဗာပူးဘက်က လက်လွတ်ပေးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းက ခေါ်ယူလိုနေတဲ့ ခံစစ်မှူးကိုးဝဲလ်ကို ဘိုင်ယန်မြူးနစ်ကလည်း သဘောကျနေပါတယ်။ ချယ်ဆီးကတော့ အင်္ဂလန်သား ခံစစ်မှူးကို ဆက်ထိန်းသွားလိုနေဆဲပါ။