အာဆင်နယ်အသင်း ဟာ ဒီနွေ အပြောင်းအရွှေ့ကာလမှာ အရ ခေါ်ယူဖို့ အတွက် ရည်ရွယ်ထားတဲ့ အဓိက ပစ်မှတ် ကစားသမား ၂ ဦးကို ခေါ်ယူနိုင်ဖွယ် မရှိတော့ပါဘူး။

လိုက်ပ်ဇစ် တိုက်စစ်မှုး ဆက်ကို ကို ခေါ်ယူရေးမှာ ပရီးမီးယားလိဂ် အသင်းကြီးပြိုင်ဘက် ယူနိုက်တက်၊ ချယ်ဆီးအသင်းတွေလို မဟုတ်ဘဲ ဂန်းနားတို့က ချန်ပီယံလိဂ်ဝင်ခွင့် ကမ်းလှမ်းနိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်တာကြောင့် အာဆင်နယ်က အရေးသာ ကာ စလိုဗေးနီးယား တိုက်စစ်မှူးကို ခေါ်ယူနိုင်မယ် ရေပန်းစားခဲ့တာပါ။

ဒါပေမယ့် ယူရိုပြိုင်ပွဲ မစတင်ခင်မှာပဲ ဆက်ကိုဟာ လိုက်ဇစ်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ အခြားသော ပစ်မှတ်တွေကို ပြောင်းလဲ ချိန်ရွယ်ရတော့မှာပါ။

ဒါ့အပြင် အာဆင်နယ် ကာလရှည် စောင့်ကြည့်နေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်စ် လူးဝစ်ကလည်း ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့သွားဖို့ နီးစပ်နေပါပြီ။

ဂျူဗင်တပ်ဘက်က အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်နိုင်ရေး ကွင်းလယ်လူ မက်ကန်နီနဲ့ တောင်ပံသမား ဆမ်မြူရယ် ဂျူနီအာအပြင် ငွေသား ယူရို သန်း ၂၀ ကိုပါ အလိုက်ပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ အခြားသော ကွင်းလယ် ပစ်မှတ်အဖြစ် နယူးကာဆယ်မှ ဂွီးမားရက်စ်နဲ့ ဆိုစီဒက်မှ ဇူဘီမန်ဒီတို့ကို ဆက်လက် ချိတ်ဆက်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။