အမ်မရီကို ထုတ်ပယ်လိုက်ပြီး ဖြစ်ပေမယ့် ယာယီနည်းပြ ယွန်းဘတ်နဲ့လည်း ထူးခြားမှု မရှိသေးတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ဒီတပတ်မှာ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင် အမှတ်ပေးဇယားမှာ အာဆင်နယ်က ၁၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိပြီး ဝက်စ်ဟမ်းကလည်း ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိကာ နှစ်သင်းလုံး ရုန်းကန်နေရပါတယ်။ ပွဲချိန်ကတော့ လာမယ့် အင်္ဂါနေ့ မနက်အစော ၂း၃၀ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးရဲက သုံးသပ်ခန့်မှန်းချက်ကို ဖော်ပြပေးပါမယ်။

” နှစ်သင်းလုံးကတော့ ပြသနာတွေနဲ့ ဖြစ်နေကြတယ် ဒါပေမယ့် အာဆင်နယ်ရဲ့ အဝေးကွင်း ပုံစံက အကြီးမားဆုံး ပြသနာ ရှိနေပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်က ဘာမှ ပိုကောင်းမလာသေးတာ တွေ့ရပြီး ဝက်စ်ဟမ်းသာ ဒီပွဲအတွက် အားကုန်ထုတ်နိုင်ရင် အနိုင်ရသွားနိုင်ပါတယ်။ ”

” အာဆင်နယ်ဟာ နည်းပြအဖြစ် တစ်ယောက် အတည် မခန့်အပ်သေးသမျှ အသင်းက ဘယ် လမ်းကြောင်းကို ဦးတည်သွားနေလဲ မသိသလို ဖြစ်နေပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အသင်းအခြေအနေက ကျသည်ထက် ကျနေတာပါ။ နောက်ရာသီ ချန်ပီယံလိဂ် ဘောလုံး ကစားခွင့် ရဖို့ အဆင့် လေး အတွင်း ဝင်ဖို့ အခွင့်အရေးကလည်း နည်းသည်ထက် နည်းပါးလာနေတာ တွေ့ရပါတယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်စ်ဟမ်း ၂-၀ အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi

အမ္မရီကို ထုတ္ပယ္လိုက္ျပီး ျဖစ္ေပမယ့္ ယာယီနည္းျပ ယြန္းဘတ္နဲ႕လည္း ထူးျခားမႈ မရွိေသးတဲ့ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ အျဖစ္ ဒီတပတ္မွာ ျမိဳ႕ခံျပိဳင္ဘက္ ၀က္စ္ဟမ္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

ဒီပြဲ မတိုင္ခင္ အမွတ္ေပးဇယားမွာ အာဆင္နယ္က ၁၉ မွတ္နဲ႕ အဆင့္ ၁၀ ေနရာမွာ ရွိျပီး ၀က္စ္ဟမ္းကလည္း ရမွတ္ ၁၆ မွတ္နဲ႕ အဆင့္ ၁၅ ေနရာမွာ ရွိကာ နွစ္သငး္လံုး ရုန္းကန္ေနရပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ အဂၤါေန႔ မနက္အေစာ ၂း၃၀ ျဖစ္ပါတယ္။ ဒီပြဲစဥ္အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးရဲဲက သံုးသပ္ခန္႔မွန္းခ်က္ကို ေဖာ္ျပေပးပါမယ္။

” နွစ္သင္းလံုးကေတာ့ ျပသနာေတြနဲ႕ ျဖစ္ေနၾကတယ္ ဒါေပမယ့္ အာဆင္နယ္ရဲ႕ အေ၀းကြင္း ပံုစံက အၾကီးမားဆံုး ျပသနာ ရွိေနပါတယ္။ အာဆင္နယ္ရဲ႕ ခံစစ္က ဘာမွ ပိုေကာင္းမလာေသးတာ ေတြ႔ရျပီး ၀က္စ္ဟမ္းသာ ဒီပြဲအတြက္ အားကုန္ထုတ္နုိင္ရင္ အနုိင္ရသြားနုိင္ပါတယ္။ ”

” အာဆင္နယ္ဟာ နည္းျပအျဖစ္ တစ္ေယာက္ အတည္ မခန္႔အပ္ေသးသမွ် အသင္းက ဘယ္ လမ္းေၾကာင္းကို ဦးတည္သြားေနလဲ မသိသလို ျဖစ္ေနပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာ အသင္းအေျခအေနက က်သည္ထက္ က်ေနတာပါ။ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ေဘာလံုး ကစားခြင့္ ရဖို႔ အဆင့္ ေလး အတြင္း ၀င္ဖို႔ အခြင့္အေရးကလည္း နည္းသည္ထက္ နည္းပါးလာေနတာ ေတြ႔ရပါတယ္။ ” လို႔ ေလာ္ရုိးက သံုးသပ္ထားပါတယ္။

ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၀က္စ္ဟမ္း ၂-၀ အာဆင္နယ္ ျဖစ္ပါတယ္။