ဥရောပစူပါလိဂ် ပြိုင်ပွဲကို အသင်း ၆၀-၈၀ ကြား ပါဝင်စေပြီး အမြဲတမ်း အသင်းတွေ မထားဘဲ တန်းတက် တန်းဆင်း ပုံစံ ယှဉ်ပြိုင်ကစားစေဖို့ ပလန်သစ်အား ပွဲကျင်းပရေး တာဝန်ရှိသူတွေက ထပ်မံ ချပြလာပါပြီ။
လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်ဟာ ဂျက်ဆီမက်ချ် ထုတ်ပယ်ခံရပြီးနောက် လိဒ်စ်ရဲ့ နည်းပြသစ် ဆန်ကာတင် စာရင်းထဲမှာ ပါဝင်လာပါတယ်။
မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ရဲ့ ပြဿနာဟာ ဖြေရှင်းဖို့အတွက် လေးနှစ်လောက် ကြာမြင့်နိုင်တယ်လို့ ဗြိတိန်ထိပ်တန်း အားကစားရှေ့နေတစ်ယောက်က ပြောခဲ့ပါတယ်။
ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ် ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ်လို့ ဟောကိန်းထုတ်ခဲ့တာက မှားယွင်းကြောင်း ဂျင်မီကာရေဂါက ဝန်ခံလိုက်ပါတယ်။
စပါးဟာ ဒီနွေမှာ ဟယ်ရီကိန်းကို ပြိုင်ဘက်အသင်းထံ ရောင်းချမှာ မဟုတ်သလို ကိန်းဟာ စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဖြစ်လာဖို့ကိုပဲ ဆက်လက် အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။
ကာတာရင်းနှီးမြုပ်နှံသူ အုပ်စုတစ်စုဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု လုပ်လာနေသလို Sir Jim Ratcliffe ကလည်း ဂလေဇာလက်ကနေ မန်ချက်စတာကလပ်ကို ဝယ်ယူရေး ကြိုးစားလာနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ကို အင်အားမြှင့်တင်ဖို့ ရွေးချယ်စရာတစ်ခု အနေနဲ့ ရိုးမား တိုက်စစ်မှူး တန်မီ အေဘရာဟမ်ကို ပစ်မှတ်ထားခဲ့ပါတယ်။
ဘာစီလိုနာကို လစာကုန်ကျမှု လျှော့ချဖို့ လာလီဂါက တောင်းဆိုထားတာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်နဲ့ အန်ဆုဖာတီတို့ကို ခေါ်ယူဖို့ ကြိုးစားရာမှာ အားတက်စရာ သတင်းကောင်း ရရှိဖွယ် ရှိနေပါတယ်။
ဂေဘရီရယ် ဂျေးဆုဟာ ဒူးခေါင်းခွဲစိတ်မှုကနေ ပြန်လည်ထူထောင်လာစေဖို့ အာဆင်နယ်ရဲ့ လန်ဒန်ကိုလ်နေး လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပါတယ်။
အန်ဖီးမှာ Fenway Sports Group အတွက် တာဝန်ရှိသူဖြစ်ခဲ့ဖူးတဲ့ ဆာ မာတင် ဘရော့တန်ဟာ လန်ဒန် အခြေစိုက် မဟုတ်တဲ့ လီဗာပူးနဲ့ မန်ယူနိုက်တက်တို့အတွက် ပိုင်ရှင်ဖြစ်သူတွေက ပေါင် ၄ ဘီလျံကျော် ခေါ်ဈေးတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဘယ်ဂျီယမ်နည်းပြသစ် တီဒက်စကိုဟာ အာဆင်နယ်ဂန္တဝင် အွန်နရီကို သူ့လက်ထောက်အဖြစ် ဆက်ထားထားဖို့ ငြင်းပယ်ခဲ့ပါတယ်။