မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၁ဝ နာရီ၊ စိန့်ဂျိမ်းပါ့ခ်ကွင်း မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် ရှုံးမယ်လို့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဆိုထားခဲ့သလို ဘီဘီစီမှ ခရစ်ဆက်တန် ကလည်း အလားတူ သုံးသပ် ခန့်မှန်းလာပြန်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲ အတွက် အခုလို သုံးသပ် လာခဲ့တာပါ။
” ဒီရာသီ မန်ယူနိုက်တက်နဲ့ ပက်သက်တဲ့ ခန့်မှန်းတွေ မကြာခဏ လွဲဖူးပါတယ်။ ဒါပေမယ့် အခုတလော သူတို့ရဲ့ စွမ်းဆောင်ရည်က အဲ့လောက်ကြီး ကောင်းနေတယ် မထင်ပါဘူး။ သူတို့ရဲ့ ရလဒ်က ဘာပဲဖြစ်နေနေပေါ့လေ။
အက်ဖ်အေဖလားမှာ ဖူလ်ဟမ်ကို အနိုင်ရလိုက်တာက သူတို့ ကံကောင်းပါတယ်။ အဲ့ပွဲတင် မဟုတ်ဘဲ ဒီတလောမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။
စိန့်ဂျိမ်းပက်ကို သွားပြီး အဲရစ်တန်ဟက်ရဲ့ အသင်း အနိုင်ရသွားမယ်ဆိုရင် ကျနော် အံ့ဩမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲက ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ခိုက်နေတဲ့ ပွဲဖြစ်ပြီး ကျနော်က နယူးကာဆယ်ရဲ့ တိုးတက်လာမှုကို အထင်ကြီးပါတယ်။
နယူးကာဆယ်တို့ ကစားနေတဲ့ နည်းလမ်းကို သဘောကျတယ်။ သူတို့က ဂိုးတွေတော့ အမြဲတမ်း မရ ပေမယ့် အိုင်ဆက် ပြန်ပါလာကတည်းက သူတို့ အဆုံးသတ်ပိုင်း ကောင်းနေပါတယ်။ ဆွီဒင်တိုက်စစ်မှူးက ပွဲ အဖြေကို ပြောင်းလဲပေးနိုင်ဦးမယ်လို့ ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။