ချယ်ဆီးအသင်းဟာ ဒီတပတ် ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲ စဉ် အဖြစ် လက်ရှိ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ရတော့မှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ လက်ရှိ ခြေစွမ်းနဲ့ဆိုရင် ချယ်ဆီးဟာ ပထမအကျော့မှာတည်းက ရီးရဲလ် မက်ဒရစ်ကို ခရစ်ကတ် ပွဲတွေလို ဂိုးဆယ်ချီလောက်ထိ ပေးရပြီး အပြတ် ရှုံးနိမ့်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ သူတို့ ကစားနေတာ အင်တိုက်အားတိုက် လုပ်တာ ဘာမှမရှိဘူး။ အရမ်းကို နှေးတာပဲ။ (ဝုဗ်နဲ့ ပွဲမှာ) ဒုတိယပိုင်း ၁၅ မိနစ်လောက် ချယ်ဆီးက မြန်မြန်လှုပ်ရှားပြီး ကျော်ဖြတ်ဖို့ ကြိုးစားပေမယ့် ဘာအခွင့်အရေးမှ မလုပ်နိုင်ဘူး။
တောင်ပံတွေကနေ ဖြတ်တင်ဘာတွေပေးတယ်။ ကံလေး နည်းနည်းပိုကောင်းဖို့ လိုသလား မပြောတတ်ဘူး။ တွေးပေး လို့ ရတာ တစ်ခုက သူတို့တွေ ဗုဒ္ဓဟူးနေ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို စောင့်နေတာလားပေါ့။
ဒါပေမယ့် ဒီလိုပုံစံကြီးနဲ့ သွားရင်တော့ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ချန်ပီယံလိဂ် ဒုတိယအကျော့ ထားဦး၊ ပထမ အကျော့မှာတင် ခရစ်ကတ်ပွဲတွေလို ဂိုးတွေ ဆယ်နဲ့ချီ ပေးလိုက်ရလိမ့်မယ် ” လို့ မာဆန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းမှာ အရည်အချင်းရှိ ကစားသမားတွေ အများကြီး ရှိပေမယ့် အခု သူတို့ရဲ့ ညံ့ဖျင်းတဲ့ ခြေစွမ်းတွေဟာ ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံးပဲ လို့လည်း ပေါမာဆန်က ဆိုခဲ့ပါသေးတယ်။
ချယ်ဆီးအသင်းဟာ ဒီအပတ် ဗုဒ္ဓဟူးနေ့ညမှာ ဘာနေဗျူးသွားပြီး ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး နည်းပြ လမ်းပတ် အတွက် ကြီးမားလွန်းတဲ့ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်နေပါတယ်။