ဘရိုက်တန်အသင်း ဟာ အာဆင်နယ် တောင်ပံကစားသမား ရစ်နယ်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အေစီမီလန်ဟာလည်း ဖိုလာရင် ဘာလိုဂန်ကို နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
လီဗာပူးအသင်းဟာ အဓိက ကွင်းလယ် ပစ်မှတ် ဖြစ်တဲ့ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှ နောက်ဆုတ် သွားခဲ့ပြီ လို့ သတင်းထွက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ရှင်းထုတ်မှုတွေလုပ်ဖို့ ပြင်ဆင်ထားပြီး အသင်းကနေ ထွက်ခွာမယ့် ကစားသမား ၁၃ ယောက်လောက် ရှိနေပါတယ်။
လီဗာပူးဟာ ဘရစ္စတိုစီးတီးအသင်းမှ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ အဲလက်စကော့အတွက် ဝက်စ်ဟမ်း၊ ဝုဗ်တို့နဲ့ အပြိုင် ကြိုးစားလာပါတယ်။
ချယ်ဆီးဟာ ဂျွာအိုဖီးလစ်ကို အပြီးသတ်ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ဆွေးနွေးမှုလုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။
မက်ဆီနဲ့ ဖခင်ဖြစ်သူ အေးဂျင့်ဂျော့ဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ တွေ့ဆုံခဲ့ပြီး မက်ဆီရဲ့ အနာဂတ်က ထင်ကြေးပေးစရာ ဖြစ်လာနေပါတယ်။
ဝုဗ်ဟာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ရေရှည်စာချုပ် ချုပ်နိုင်ဖို့ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆယ်တာဗီဂို ကြယ်ပွင့်ဖြစ်တဲ့ ကွင်းလယ်လူ ဂါဘရီဗေဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
စပါးအနေနဲ့ ဒီနွေရာသီမှာ လက်စတာနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာကို နည်းပြသစ် ခန့်အပ်ဖို့ ကစားသမားဟောင်း ဒါရန် အန်ဒါဆန်က တိုက်တွန်းခဲ့ပါတယ်။
ချယ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်ဟာ ဂမ်ဘီယာတိုက်စစ်မှူး အဒမ်မာ ဘိုဂျန်ကို စိတ်ဝင်စားနေပြီး ကလပ်ရဲ့ တိုက်စစ်သမား ဟာကင်ဇီယက်ချ်ကို စပါးအသင်းထံ ရောင်းချဖို့ စဉ်းစားနေပါတယ်။