မက်ဂွဲရား ဘယ်လောက် ကောင်းလဲ ဆိုတာ တနင်္ဂနွေနေ့က ကျနော်တို့ မြင်ခဲ့ရပြီ လို့ နည်းပြ တန်ဟက်က ထုတ်ဖော် ပြောခဲ့ပြီး ဆီဗီလာနဲ့ ပွဲမှာ ထုတ်သုံးဖို့ အရိပ်အမြွက် ဆိုခဲ့ပါတယ်။
ဆီဗီလာ အသင်းခေါင်းဆောင် ရာကီတစ်ကတော့ ယူရိုပါလိဂ် ဆိုတာ သူတို့အသင်းရဲ့ ပြိုင်ပွဲလိုတောင် ဖြစ်နေပြီ လို့ ဆိုကာ ယူနိုက်တက်ကို အနိုင်ကစားမယ့် အကြောင်း ပွဲကြိုစကား ဆိုလိုက်ပါတယ်။
ကာဆီမီရို မန်ချက်စတာ ယူနိုက်တက် ထံ ရောက်လာတာ တစ်နှစ် မပြည့်သေးပေမယ့် ဘရာဇီးသားဟာ အသင်းဖော်တွေ အတွက် သိပ်ကို အရေးပါတဲ့သူ ဖြစ်နေပြီလို့ အသင်းဖော် ကွင်းလယ်လူ အဲရစ်ဆန် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဆာဘစ်ဇာက ဒီရာသီကုန် မန်ချက်စတာ ယူနိုက်တက်နဲ့ အငှား ကုန်ဆုံးချိန်မှာ အပြီး ပြောင်းရွှေ့လာဖို့ စိတ်အား ထက်သန်နေပါတယ်။
ရက်ဒင်းအသင်းကို ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ်အင့်စ် က တနင်္လာနေ့ကပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ အီလန်ဂါကို အပြီး ရောင်းချပြီး ငွေပြန်ဖော်ဖွယ် ရှိနေကြောင်း ဒေးလီး မေးလ် သတင်းက ဖော်ပြလာပါတယ်။ အဲရစ်တန်ဟက်က အသင်းမှာ ပုံမှန် ပွဲကစားခွင့် မရတဲ့ သူတွေ ရှင်းထုတ်လိုနေပြီး ထို စာရင်းမှာ အီလန်ဂါ ပါဝင်နေတာပါ။
အဲဗာတန်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ဒဏ်ရာက သီတင်းပတ် ၃ ပတ်ခွဲလောက် နားရဖွယ် ရှိနေပြီး ယူနိုက်တက် ပွဲစဉ် ၈ ပွဲ ထိ လွဲချော်ဖွယ် ရှိတယ်လို့ သိရပါတယ်။