မန်ယူ နည်းပြ တန်ဟက်ဟာ ကွင်းလယ်ခံစစ်သမား ကာဆီမီရို နေရာ ရေရှည် အစားထိုးနိုင်ဖို့ ဆောက်သမ်တန် ကွင်းလယ် လာဗီယာ ကို ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။
ဖူလ်ဟမ် အသင်း ဟာ ပရီးမီးယားလိဂ် ၂၂ပွဲ ကစားထားရာမှာ ၆ဂိုး သွင်းထားတဲ့ တောင်ပံကစားသမား ဝီလီယံကို ၂နှစ် စာချုပ်သစ် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
ဂျူ့ဒ်ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်လိုက်ပြီဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေ စတင်တော့မှာပါ။ ဘယ်လင်ဟမ်ဟာ မက်ဒရစ်က ပြသလာတဲ့ စီမံကိန်းကို အထင်ကြီးခဲ့တာကြောင့် မန်စီးတီးကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့်လေး ဂနာချိုကို ၂၀၂၈ ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ စာချုပ်တစ်နှစ်သာ ကျန်တော့ပေမယ့် ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် အာဆင်နယ်ထံကနေ ပေါင်သန်း ၁၀၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အာဆင်နယ်ရဲ့ ခေါ်ဈေး၊ ကစားသမားရဲ့ ထွက်ခွာလိုစိတ် အပါအဝင် တီယာနေးရဲ့ အပြောင်းအရွှေ့ အခြေအနေကို စုံစမ်းကြည့်ဖို့ ကြိုးစားနေပါတယ်။ တီယာနေး အတွက် ပေါင်သန်း ၃၀ ဝန်းကျင် ကုန်ကျနိုင်ဖွယ် ရှိပါတယ်။
အာဆင်နယ်ရဲ့ ရစ်နယ်ဆန်ဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပြီး ပုံမှန်ကစားချိန်အတွက် အသင်းပြောင်းရွှေ့လိုနေပါတယ်။ ၎င်းရဲ့ ကိုယ်စားလှယ်တွေက အေစီမီလန်ထံ ကမ်းလှမ်းမှုလုပ်ထားပါတယ်။
ဘာစီလိုနာဟာ FFP ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် လုပ်ရမှာဖြစ်သလို ကက်တလန်ကလပ်ထံ မက်ဆီ ပြန်လာဖို့က ခက်ခဲနိုင်တယ်လို့ လာလီဂါဥက္ကဌ တီဘက်စ်က ယူဆနေပါတယ်။
ဂနာဘရီဟာ ဘိုင်ယန်မှာ မပျော်မရွှင်ဖြစ်နေတာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုရလာရင် အသင်းပြောင်းခွင့်ပေးဖို့ ဘိုင်ယန်ဘက်က စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။