ချယ်ဆီးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ပေါင် သန်း ၇၀ + ပေါင် ၁၀ သန်းဖြင့် ချိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။
ဒီနွေမှာ အမ်ဘာပေကို ခေါ်ယူဖို့ ချယ်ဆီးအသင်းကော လီဗာပူးအသင်းပါ ဝင်ရောက် ချိတ်ဆက်မှာ မဟုတ်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ နဲ့ စတင် ကမ်းလှမ်းလိုက်ပြီး ချယ်ဆီး အသင်းကတော့ ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။ ချယ်ဆီးက မောင့် အတွက် ပေါင် သန်း ၇၀ ဈေး ခေါ်ထားတာပါ။
ဒီနွေမှာ စာချုပ်ကုန်လို့ လီဗာပူးကနေ ထွက်ခွာသွားတဲ့ ဂျိမ်းစ် မီလ်နာဟာ ဘရိုက်တန်အသင်းထံ တစ်နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကိန်းအတွက် လီဗိုင်းတောင်းမယ့် ပြောင်းရွှေကြေးကို ယူနိုက်တက်တို့ မတတ်နိုင်ပါဘူး။
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်သမား နီကိုးလစ် ဂျက်ဆန်ကို ခေါ်ယူဖို့ လိုက်နေပါတယ်။ လိုက်ဇစ်၊ မီလန်နဲ့ ပရီးမီးယားလိဂ်ကလပ်တွေကလည်း အလိုရှိနေတဲ့ တိုက်စစ်သမားအတွက် ယူရို ၃၅ သန်း ပေးရမှာ ဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်ဂိုးသမား ဒေးဗစ်ယာယာဟာ စပါးအသင်းထံ ပြောင်းဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားခဲ့ပြီဖြစ်ကာ လက်ရှိမှာ သူ့ရဲ့ တန်ကြေး ပေါင် သန်း ၄၀ ကို လျော့ချဖို့အတွက် ကလပ်နှစ်သင်းကြား ဈေးညိနေပါပြီ။
ချယ်ဆီးက အပြီးသတ် ခေါ်ယူဖို့ မစဉ်းစားဘဲ အက်သလက်တီကို မက်ဒရစ်ထံ ပြန်လွတ်မယ့် တိုက်စစ်မှူး ဖီလစ်ကို ဝုဗ်နဲ့ အက်စတွန်ဗီလာတို့က ခေါ်ယူလိုနေပါတယ်။