အာဆင်နယ် အသင်းဟာ ဂျာမနီ တိုက်စစ်သမား ကိုင်ဟာဗက်ဇ် အတွက် ကမ်းလှမ်းမှု လုပ်လိုက်ပြီး ချယ်ဆီးကလည်း ချက်ချင်း ပယ်ချခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ဂန်းနားတို့က နောက်ထပ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ဦးမှာပါ။

ဒီဂီယာဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Hilal အသင်းထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းကြီးလာနေပါတယ်။

ကိုဗာဆစ်အတွက် စီးတီးနဲ့ ချယ်ဆီးတို့ တိုက်ရိုက် စကားပြောနေပြီဖြစ်ကာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိနေပါပြီ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကတော့ လွန်ခဲ့တဲ့ ၁၀ ရက်တည်းက ရထားပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ လီဗာပူး တိုက်စစ်မှုး မို ဆာလာကြားမှာ အပြောင်းအရွှေ့ကိစ္စ စကားပြောနေခြင်း မရှိပါဘူးလို့ ဆာလာရဲ့အေးဂျင့်က ပြောလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယူနိုက်တက်က အလိုရှိနေတဲ့ ခံစစ်သမား ကင်မင်ဂျေကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူနိုင်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပါပြီ။

ပြီးခဲ့တဲ့အပတ် စကားပြောမှုတွေအပြီး ဆာလီဘာဟာ အာဆင်နယ်နဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆို သွားတော့မှာ ဖြစ်ပါတယ်။ စာချုပ်ကတော့ ၂၀၂၇ ခုနှစ်ထိဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါမယ်။

ချယ်ဆီးနဲ့ ဘရိုက်တန်အသင်းတို့ဟာ ကိုင်ဆီဒို အပြောင်းအရွှေ့ကို လာမယ့် အပတ်ထဲမှာ စတင်စကားပြောမှာပါ။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး စကားပြောမှုကတော့ သဘောတူညီမှု ရလုနီးပါး အခြေအနေ ဖြစ်ပါတယ်။

ကိုင်ဆီဒိုကို ပေါင် သန်း ၁၀၀ ဝန်းကျင်ဖြင့် ရောင်းထုတ်နိုင်ရေး ကြိုးစားမယ့် ဘရိုက်တန်ဟာ အလဲအထပ်အဖြစ် ချယ်ဆီးမှ ဂါလယ်ဂါကို ပြန်ရလိုနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ ဘာနာဒို ကို ခေါ်ယူရေးအတွက် ပုဂ္ဂိုလ်ရေး စကားပြောမှု ပြုလုပ်နေပါပြီ။ သူဟာ ဒီနွေမှာ ပြင်သစ်ကလပ် ခေါ်ယူလိုတဲ့ ကစားသမားတွေထဲ ထိပ်ဆုံးက ပါဝင်နေခြင်းဖြစ်ကာ မန်စီးတီးနဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။

လီဗာပူးအသင်းဟာ နိုက် ကွင်းလယ်လူ တူဟမ်ကို ခေါ်ယူနိုင်ရေး စည်းရုံးရေးတွေ စတင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ကယ်လစ္စတာပြီးနောက် ဒုတိယမြောက် လက်မှတ်ထိုးမှု ဖြစ်လာစေဖို့ထိ မျှော်လင့်ထားပါတယ်။

မန်စီးတီးဟာ ခံစစ်မှူး ဂါဗာဒီယိုကို ခေါ်ယူရေး ကစားသမားဘက်နဲ့ အတော်လေး အဆင်ပြေနေပါပြီ။ လိုက်ဇစ်ကတော့ ခရိုအေးရှားသားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှ ရောင်းထုတ်သွားမှာပါ။