မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ဒုတိယ အကြိမ် ကမ်းလှမ်းမှုကို မနေ့က ပြုလုပ်လိုက်ပြီး ချယ်ဆီးက ထပ်မံ ပယ်ချလိုက်ပြန်ပါတယ်။ ဒီတကြိမ် ကမ်းလှမ်းမှုက ပေါင် သန်း ၅ဝ (၄၅+၅) နဲ့ လို့ သိရပါတယ်။
မန်စီးတီးနဲ့ အတူ ဖလား ၃ လုံး လတ်တလော အောင်မြင်ထားတဲ့ အသင်းခေါင်းဆောင် ဂွမ်ဒိုဂန် က ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ ဘာစီလိုနာက ၎င်းက ၂နှစ် စာချုပ် + သက်တမ်း ၁နှစ် ထပ်တိုးခွင့်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Talksports သတင်းက ဖော်ပြလာတာပါ။
အာဆင်နယ် အသင်းဟာ ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သိရပါတယ်။ ဟာဗက်ဇ်ကလည်း အာဆင်နယ်မှာ တစ်ပတ် လုပ်ခ ပေါင် ၂၁၀၀၀၀ လစာနဲ့ ပြောင်းလာဖို့ မီးစိမ်းပြထားပြီး ဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ချယ်ဆီးကွင်းလယ် ကစားသမား ကိုဗာဆစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။ ပြောင်းရွှေ့ကြေးက ပေါင် ၂၅ သန်း + ထပ်ဆောင်းဆုကြေး ပေါင် ၅ သန်း ဖြစ်ပါတယ်။ ဆုကြေးက ကစားသမားရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် မဟုတ်ဘဲ မန်စီးတီး ဆုဖလား ရတဲ့ အပေါ် မူတည်ပြီး ပေးရမှာပါ။
စပါး တိုက်စစ်မှုး ဆွန်ယောင်မင် ကတော့ ဆော်ဒီဘက်က မက်မောဖွယ် ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် သူ့ အကြိုက်ဆုံး လိဂ် ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ လုပ်စရာတွေ အများကြီး ရှိသေးပြီး ငွေက အရာရာ အဓိက ကျတာ မဟုတ်ကြောင်း ပြောဆိုကာ ငြင်းဆန်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး + ကစားသမား အလိုက်ပေးမှုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အလိုက်ပေးမှုကိုတော့ မက်ဂွဲရား ဒါမှမဟုတ် တော်မီနေးကို ထည့်သွင်းဖို့ ရည်ရွယ်နေတာပါ။